ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ်မှာ ပြန်တက်လာခဲ့ပါ တယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၅၀၀ ကျော်သာတင်ပို့မှုရှိခဲ့ရာမှ ယခု တစ်ပတ် ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်အတွင်း တန်ချိန် ၁၁၀၀၀ ကျော်ထိ ပြန် လည်တိုးတက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ယခင်နှစ် ယခုလိုအချိန် အပတ်စဉ် တင်ပို့မှုထက်တော့ လျော့နည်းနေသေးတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ ရဲ့ ဖေဖော်ဝါရီလ ၁၀ ရက်အထိ မတ်ပဲစုစု ပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၃၀၀၀၀ ကျော်ပြီဖြစ်ပြီး ရရှိတဲ့ဝင်ငွေမှာ ကန် ဒေါ်လာ ၄၃၂ သန်းကျော်ရှိကြောင်းသိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူမှာ မတ်ပဲတန်ချိန် ၄၂၀၀၀၀ ခန့် တင်ပို့ခဲ့ပြီး၊ ဝင်ငွေမှာ ကန်ဒေါ်လာ ၄၁၅ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ မတ်ပဲတင်ပို့မှု ပမာဏ တန်ချိန် တစ်သိန်းကျော်ပိုမိုနေပြီဖြစ်ကြောင်း သိရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ လည်း ပုံမှန်တင်ပို့မှုရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။ MIR - MAPT
Background