Main menu

Background

FOB ဈေးကွက်မှာ မတ်ပဲတန် ၁၄၀၀၀ ခန့် အရောင်းအဝယ်ဖြစ်

Sun, 02/19/2012 - 10:07 -- Anonymous (not verified)

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် (ဖေဖော်ဝါရီ ၁၀-၁၆ ရက်) အတွင်း တန်ချိန် ၁၄၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၅၅၀၀ ကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ်မှာ အနည်းငယ်လျော့ပြီး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခင်တစ်ပတ်က အရောင်းအဝယ်သွက်ခဲ့ရာမှ ယခုတစ်ပတ်မှာ ရောင်းလက်ကလည်း ဈေးမချလိုသလို ဝယ်လက်ကလည်း ဈေးတိုးမပေးလိုတာ ကြောင့် အရောင်းအဝယ်နှေးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ဒါပေမဲ့ မတ်ပဲအသစ်တွေကိုတော့ ဈေးပိုပေးဝယ်ယူလိုကြတယ်လို့ သိရပါ တယ်။ ယခင်နှစ် မတ်ပဲဟောင်းတွေထဲမှာ ရေနာပဲတွေပါဝင်တာကြောင့် ဝယ်လက် များက အရည်အသွေးသန့်တဲ့ ပဲတွေကို ဝယ်လိုအားရှိနေခြင်းဖြစ်တယ်လို့ သိရပါ တယ်။ အရောင်းအဝယ်နည်းပေမဲ့ ရန်ကုန် FOBမတ်ပဲဈေး၊ SQ ဈေး အနည်းငယ် လျော့ကြောင်း သိရပါတယ်။                         ဒေါ်လာ/တန်                  မတ်ပဲ(FAQ)       မတ်ပဲ(SQ)၁၇-၂-၂၀၁၂    ၅၃၀-၅၅၀        ၅၆၀-၅၈၀၁၀-၂-၂၀၁၂    ၅၃၀-၅၅၀        ၅၇၀-၅၉၀MIRT(MAPT