ပြည်ပကို ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် တစ်သောင်းကျော်ရှိပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၆ ရက်- ၁၀ ရက်)အတွင်း တန်ချိန် ၁၂၆၀၀ ကျော်ထိ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲအမျိုးမျိုးအနက် အပတ်စဉ်တင်ပို့မှုမှာ ပဲစင်းငုံ က ပမာဏပိုမိုတင်ပို့မှုရှိကြောင်းလည်း သိရပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ ပဲစင်းငုံစုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂၆၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅၇ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ ပဲစင်းငုံတန်ချိန် ၁၁၆၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၉၇ သန်းခန့်ရှိတာကြောင့် ယခုနှစ်ကာလတူမှာ ပဲစင်းငုံ တန်ချိန် ၁၅၀၀၀၀ ခန့်ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လတ်တလော အရောင်းအဝယ် အခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုဆက်လက်အား ကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT
Background