Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံကို အရောင်းအဝယ်အများဆုံး

Sun, 02/19/2012 - 10:26 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်  FOB   ဈေးကွက်မှာ အရောင်း အဝယ် အများဆုံးဖြစ်တာကတော့ ပဲစင်းငုံပဲလို့ဆိုပါတယ်။ အိန္ဒိယပဲခွဲစက်သမား တွေ အဝယ်သွက်နေတာကြောင့် ဝယ်လက်ကြီးတွေက လိုလိုလားလားဝယ်ယူနေ ကြတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ လက်ရှိ အိန္ဒိယအခြေအနေအရ ပဲစင်းငုံအထွက်လျော့ခြင်းနဲ့ လက်ကျန်ပဲနည်းခြင်းတို့ကြောင့် မြန်မာပဲစင်းငုံဈေးက အကျမရှိနိုင်ဘူးလို့လည်းသုံးသပ်ပြောကြားပါတယ်။  FOB   ဈေးကွက်မှာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၆ရက်အတွင်းမှာ ပဲစင်းငုံအနီ၊ ဖြူနီ၊ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၁၉၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်သွက်နေပြီး ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာတန်ဖိုး တည်ငြိမ်နေတာကြောင့် ပဲစင်းငုံ  FOB  ဈေး အနည်းငယ် ပိုလာခဲ့ပါတယ်။                                                        ဒေါ်လာ/တန်                   ပဲစင်းငုံနီ      ဖြူနီ၊ အဖြူ    အနီ(အဟောင်း)၁၇-၂-၂၀၁၂    ၆၁၀-၆၃၀    ၄၉၀-၅၁၀       ၅၇၅-၅၉၅၁၀-၂-၂၀၁၂    ၆၀၀-၆၂၀    ၄၈၀-၅၀၀       ၅၆၅-၅၈၅MIRT(MAPT)