Main menu

Background

ပဲစင်းငုံအသစ်ပေါ်ချိန် တောင်သူများဝင်ငွေရွှင်

Sun, 02/19/2012 - 10:30 -- Anonymous (not verified)

ပဲစင်းငုံအသစ်ပေါ်ချိန်မှာ ကယားပြည်နယ်မှ ပဲစင်းငုံ စိုက်ပျိုးသူတောင်သူများ ဝင်ငွေရွှင်လျက်ရှိကြပြီး၊ လွိုင်ကော်မြို့ပေါ်ရှိ အဝတ်အထည်ဆိုင်များ၊ စားကုန်ဆိုင် များနဲ့ တောင်သူသုံးပစ္စည်းဆိုင်များ၊ အရောင်းအဝယ် သွက်နေပါတယ်။ ကယား ပြည်နယ်မှာ ၂၀၁၁-၂၀၁၂ ခုနှစ် မိုးသီးနှံ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ဧက ၃၉၀၀၀ ကျော်ရှိတဲ့အနက် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဧက ၉၉၀၀ ကျော်အများဆုံး စိုက်ပျိုး နိုင်ခဲ့တဲ့အတွက် ၅ နှစ်အတွင်း အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ကယားပြည်နယ်မှ ပဲစင်းငုံသီးနှံကို မေ၊ ဇွန်လများမှာ စတင်စိုက်ပျိုးပြီး၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများမှာ ရိတ်သိမ်းလေ့ ရှိပါတယ်။ လက်ရှိ ပဲစင်းငုံအဖြူ လုံးကြီး တစ်ပိဿာကို ၅၁၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၆၅၀ ကျပ်ဈေးရှိနေတာ ကြောင့် လွိုင်ကော်မြို့ဈေးကွက်ကို ပဲစင်းငုံအသစ်စတင် ဝင်ရောက်လာတဲ့ ဇန်နဝါ ရီလ ဒုတိယပတ်ကထက် အနည်းငယ်ဈေးမာလာကြောင်း သိရပါတယ်။မင်းအောင်