Main menu

Background

ပဲတီစိမ်းတင်ပို့မှု တန် ၇၀၀၀ ကျော်ထိ တက်လာ

Sun, 02/19/2012 - 10:40 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၄၃၀၀ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တန် ၇၃၀၀ ကျော်ထိ တိုးတက်တင်ပို့လာခဲ့ပါတယ်။ ခရမ်း၊ သုံးခွဘက်က အရည်အသွေးကောင်း ပဲတီရွှေဝါတွေကို  ဗီယက်နမ်ဘက်မှ ပတ်ပြီး တရုတ်နိုင်ငံကို တင်ပို့မှုရှိကြောင်း သိရပါတယ်။၂၀၁၁-၁၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၁၀ ရက်အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂၆၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၄၃ သန်းကျော်ရရှိကြောင်းသိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ ပဲတီစိမ်းတန် နှစ်သိန်း ကျော်မှ ကန်ဒေါ်လာ ၂၃၃ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏအားဖြင့် တန် ၆ သောင်းခန့်ပိုမိုတင်ပို့ထားပြီးကြောင်း သိရပါတယ်။ လက်ရှိရောင်းဝယ်မှုအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုတက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT -MAPT