Main menu

Background

ပဲမျိုးစုံ ထုတ်လုပ်မှု လျော့ကျခြင်းက အိန္ဒိယကုလားပဲကြိုပွိုင့်ဈေးကို ခိုင်မာစေ

Sun, 02/19/2012 - 10:55 -- Anonymous (not verified)

ယခင်သီတင်းပတ်မှာ ကုလားပဲကြိုပွိုင့်ဈေး ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီးနောက် လက်ငင်းဈေး မြင့်တက်လာခြင်းနဲ့ ပဲဝင်ရောက်မှု ကျဆင်းခြင်းတို့ကြောင့် ဆက်လက်ခိုင်မာနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။  NCDEX မှာ ဖေဖော်ဝါရီလအတွက် ကုလားပဲကြိုပွိုင့်ဈေးက ဖေဖော်ဝါရီ ၁၄ ရက်က ရူပီး ၃၀ လျော့ကျပြီး၊ ရူပီး ၃၅၉၇၀(ကန်ဒေါ်လာ ၇၂၆)ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပဲထုတ်လုပ်မှု ကျဆင်းဖွယ် ရှိပြီး၊ အထူးသဖြင့် ကုလားပဲအထွက်ကျဆင်းဖွယ်ရှိခြင်းက ဈေးနှုန်းခိုင်မာဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။အိန္ဒိယပဲမျိုးစုံ ထုတ်လုပ်မှုဟာ ၂၀၁၀-၂၀၁၁ မှာ တန်ချိန် ၁၈ ဒသမ ၂၄ သန်းရှိရာမှ ၂၀၁၁-၂၀၁၂ မှာ ၅ ဒသမ ၂၆ ရာခိုင်နှုန်းလျော့ကျပြီး၊ တန်ချိန် ၁၇ ဒသမ ၂၉ သန်းသာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကုလားပဲ ထုတ်လုပ်မှုမှာလည်း ၆ ဒသမ ၈ ရာခိုင်နှုန်းလျော့ကျပြီး၊ တန်ချိန် ၇ ဒသမ ၆၆ သန်းသာရှိမယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ ၂၇ ရက်ထိ ကုလားပဲ စိုက်ဧကဟာ ဟက်တာ ၈၉ ဒသမ ၅၇ သိန်းရှိလို့ ယခင်နှစ်ကာလတူစိုက်တဲ့ ဟက်တာ ၉၃ ဒသမ ၄၁ သိန်းထက် ၄ ဒသမ ၁၁ ရာခိုင်နှုန်းလျော့ကျတယ်လို့ သိရပါတယ်။လတ်တလော ဆောင်းရာသီ ရိတ်သိမ်းနေပြီဖြစ်လို့ ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ လက်ငင်းဈေးကွက် တွေမှာ ရောင်းချမှုတိုးလာနိုင်တဲ့အတွက် အထွက်လျော့ကျမယ့် ခန့်မှန်းချက်ကြောင့် မြင့်တက်နေတဲ့ ဈေးနှုန်းကို ကန့်သတ်နိုင် လိမ့်မယ်လို့လည်း ဈေးကွက်ကခန့်မှန်းကြပါတယ်။ ကုလားပဲဟာ အိန္ဒိယမှာ အဓိကဆောင်းစိုက်ပဲဖြစ်ပြီး၊ ဇန်နဝါရီမှာ စတင် ရိတ်သိမ်းတာဖြစ်ပါတယ်။ အဓိကပဲစိုက်ပျိုးတဲ့ မဟာရပ်ရှတရာ၊ ကာနာတာကာ၊ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာနဲ့ အတ္တရာပရာ ဒေ့ရှ်တို့မှာ စိုက်ပျိုးမှုတိုးတက်ခြင်းမရှိကြောင်း သိရပါတယ်။                 ယမင်းခင် Source: commodilyonline