နိုဝင်ဘာ၊ ဒီဇင်ဘာလကစတင်စိုက်ပျိုးခဲ့တဲ့ ကုလားပဲဟာ ဖေဖော်ဝါရီ၊ မတ်လမှာဖြိုင်ဖြိုင်ပေါ်ပါပြီ။ ကုလားပဲကို သူ့ထက်ငါ အပြိုင်အဆိုင် စိုက်ကြတဲ့ ကျောက်ဆည်၊ မြစ်သားမြို့နယ်များမှာ တစ်ဧကကို မိုးကောင်းသောက်ဆိုရင် ၈ တင်းမှ ၁၀ တင်းထိ ထွက်ကြပြီး၊ ဆည်ရေသောက်ဆိုရင် ၁၀ တင်းမှ ၁၃ တင်းထိ ထွက်တယ်လို့ သိရပါတယ်။"ဒီနှစ်က စပါးစောစော ရိတ်ရတဲ့အတွက် နိုဝင်ဘာလမှာ ထယ်ထိုးပြီး ဠ၂ ကုလားပဲကို ပက်ကျဲစိုက်ခဲ့ရပါတယ်။ စိုက်ပြီးပြီးချင်း မိုးလေးဖွဲဖွဲရွာလိုက်လို့ ကုလားပဲ အပင်တွေ အကြိုက်တွေ့ပြီး ဖြစ်ထွန်းအောင်မြင်လာပါတယ်။ ဖေဖော်ဝါရီလဆန်း မှာ ရိတ်ပြီး၊ ခြွေလှ့ရာမှာ တစ်ဧက ၁၂ တင်းနှုန်းနဲ့ ၃ ဧကဆိုတော့ ၃၆ တင်း ကျော်ထွက်ပါတယ်။ ကျောက်ဆည် ပဲမျိုးစုံဈေးကွက်ဖြစ်တဲ့ "အေးမြကြည်လင်" ဈေးမှာ တစ်တင်းကို ၁၅၃၀၀ ကျပ်ရရှိပါ တယ်။ မိုးစပါးရိတ်ပြီး ကုလားပဲစိုက်- ကုလားပဲရိတ်ပြီးတော့ နွေစပါးစိုက်ဖို့အတွက် စိုင်းပြင်းရပြန်ပါတယ်။ တောင်သူ တွေအတွက် အရှုံးအမြတ်ဆိုတာ နွေစပါး ရိတ်ပြီးမှ အားလုံးကို ခြုံငုံလို့ရမှာပါ။ သို့သော်လည်း ဒီနှစ်ကျောက်ဆည် ဘက်မှာ မိုးစပါးနဲ့ ကုလားပဲကတော့ တော် တော်လေး အောင်မြင်ကြပါတယ်"လို့ တောင်သူတစ်ဦးက ပြောပါတယ်။၂၀၁၁-၂၀၁၂ ခုနှစ် မန္တလေးတိုင်းဒေသကြီးမှာ ကုလားပဲစိုက် ဧကပေါင်း တစ်သိန်ကိုးသောင်းကျော် စိုက်ရာမှာ ၇၅ ရာခိုင်နှုန်းရိတ်ပြီး၊ အထွက်နှုန်းကို တစ်ဧက ၁၂ တင်းနှုန်း ပျမ်းမျှထွက်နိုင်တယ်လို့ ကုလားပဲစိုက် တောင်သူများထံမှ သိရပါတယ်။ ကျော်ဦး
Background