Main menu

Background

ပြည်ကုလားပဲသစ်များ ဈေးမြင့်အဝယ်ရှိ

Sun, 02/19/2012 - 10:58 -- Anonymous (not verified)

ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ပြီး၊ ယခုတစ်ပတ် မှာ ၁၆၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းကို ပြည်-အောင်လံ ကြားရွာများမှ ပဲသစ်များ အဝင်ရှိနေခဲ့ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်းမှာလည်း ပဲသစ်များအား ရန်ကုန်ဝယ် လက်မှ အဝယ်ရှိပြီး၊ ခွဲစက်သမားများကတော့ ပဲဟောင်းများကိုသာ ဝယ်ယူကြိတ်ခွဲ လျက်ရှိကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ ခွဲစက်သမားများနဲ့ ရန်ကုန် လိုင်းသမားများမှ အိတ် ၃၀၀ ခန့်အဝယ်ရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း