Main menu

Background

ဈေးကွက်အေးတဲ့ ဟိုပုံးချင်းဈေးကွက်

Mon, 02/20/2012 - 08:03 -- Anonymous (not verified)

     ဒီနှစ် ချင်းဈေးကွက်အခြေအနေကလည်း ခပ်အေးအေးပါပဲ။ ချင်းဈေးကွက် တစ်ခုဖြစ်တဲ့ ဟိုပုံးဈေးကွက်မှာတော့ ချင်းအဝင်က သိပ်မများသေးပါဘူး။ တောင် သူတွေကလည်း ကြိုက်ဈေးမရသေးတာကြောင့် သိပ်မဖော်ကြ သေးဘူးလို့သိရပါ တယ်။ ဒီနှစ်ဟိုပုံးမြို့နယ်ထွက် ချင်းတွေက သိပ်မလှပါဘူး။ ရာသီဥတုကြောင့် အခက်ကြီး၊ အခက်လှချင်းတွေ အထွက်နည်းတယ်လို့လည်းဆိုပါတယ်။ ဒါကြောင့် ဈေးကလည်း သိပ်မကောင်းလှပါဘူး။ ချင်းလှလှကြီးတွေမှ တစ်ပိဿာ ၂၅၀ ကျပ်သာရှိပြီး၊ ပယ်ချင်းတွေကတော့ တစ်ပိဿာ ၂၀၀ ကျပ်သာ ရှိပါတယ်။ ချင်း ခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။အောင်ပန်းချင်းက ဟိုပုံးချင်းထက်လှတာကြောင့် ဈေးကွက်ပိုဝင်လို့ ဈေးပိုရ နေပါတယ်။ ချင်းစိုက်တောင်သူတွေက ချင်းမျိုးအဖြစ် ပြန်ဝယ်ယူနေတာကြောင့် ဈေးကလည်း အနည်းငယ်တက်လာပါတယ်။ အခက်ကြီး လှတဲ့ချင်းတက်တွေကို မျိုးလဲဖို့အတွက် ဝယ်ယူနေတာကြောင့် တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၈၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ချင်းခြောက်ဈေးကတော့ အခက်သေးရင် တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးရှိပြီး၊ အခက်ကြီးရင် ၁၆၀၀ ကျပ်၊ ၁၇၀၀ ကျပ်ဈေးရှိ တယ်လို့ အောင်ပန်းချင်းပွဲရုံတွေက သိရှိရပါတယ်။                     ဧဧခိုင်