Main menu

Background

ပြည်ချင်းဈေးကွက် ပုံမှန်ရောင်းဝယ်မှုဖြစ်

Mon, 02/20/2012 - 08:03 -- Anonymous (not verified)

          ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်မှာလည်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်နဲ့ အဝင်ပုံမှန်ရှိနေပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်နေ့ ပိဿာချိန် ၃၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး၊ ဈေးနှုန်းမှာလည်း ယခင် အပတ်ဈေးအတိုင်း တစ်ပိဿာ ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်တို့ရှိ ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်တို့သို့ စားသုံးမှုအနေနဲ့ တစ်နေ့ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                                                ဝင်းဝင်းခိုင်