Main menu

Background

ပြည်ကြက်သွန်အရောင်းသွက်လို့ ဈေးအနည်းငယ်တက်

Mon, 02/20/2012 - 08:04 -- Anonymous (not verified)

       ပြည်ကြက်သွန်နီဈေးကွက်သို့ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၂၀၀ ခန့်ဝင်ရောက်ပါ တယ်။ ယခင်အိတ် ၁၀၀၀ ခန့်အဝင်ရှိရာမှ ယခုတစ်ပတ် အဝင်နည်းတာကြောင့် ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်သွားပါတယ်။ အဝင်ရှိသလောက် အရောင်း အဝယ်ဖြစ်နေပြီး ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၄၀၀ ကျပ်၊ (အလတ်) ၃၅၀ ကျပ်၊ (အသေး) ၃၀၀ ကျပ်တို့ရှိကြောင်း သိရပါတယ်။            ဝင်းဝင်းခိုင်