Main menu

Background

လှောင်လက်တို့ လှောင်ဖို့ပြင်တဲ့ ဟိုပုံးနနွင်း

Mon, 02/20/2012 - 08:07 -- Anonymous (not verified)

           ဟိုပုံးနနွင်းလည်း ဈေးကွက်ကိုအများကြီး မဝင်လာသေးပါဘူး။ မတ်လလောက်မှသာ အဝင်လှိုင်လာနိုင် ပါတယ်။ နမ့်ခုတ်မြို့နယ်ကထွက်တဲ့ နနွင်းတွေကိုတော့ဝယ်ယူပြီး အခြောက်ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ ဒီအချိန်က အစိုဓာတ် လည်းနည်းပြီး ခြောက်သွေ့လာပြီဖြစ်တာကြောင့် လှောင်လက်သမားတွေကတော့ ဝယ်လှောင်ဖို့ အတွက် ပြင်ဆင်နေကြပါပြီ။ ဟိုပုံးနနွင်းက တစ်ပိဿာ ၆၀၀ ကျပ်ဈေးပေါက်ပါတယ်။အောင်ပန်းဈေးကွက်မှာတော့ နနွင်းမှုန့်လုပ်ဖို့အတွက် လက်လီလောက်သာ အရောင်းအဝယ်ဖြစ်နေပြီး၊ ရိုးရိုးနနွင်းစတွေ ကိုတော့ အရည်အသွေးနဲ့ခြောက်သွေ့မှုပေါ်မူတည်ပြီး တစ်ပိဿာဈေး ၄၀၀ ကျပ်မှ ၆၀၀ ကျပ်ဈေးရှိနေပါတယ်။ ဈေးကွက် မှာလည်း အဝင်သိပ်မရှိသေးပါဘူး။ ပင်းတယမြို့နယ် တောင်ပို့လကထွက်တဲ့ နနွင်းသန့်ဝါတွေကိုတော့ အမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူနေတာကြောင့် တစ်ပိဿာကို ၅၀၀ ကျပ်၊ ၆၀၀ ကျပ်ဈေး ရှိတယ်လို့သိရပါတယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိဿာ ၈၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းပွဲရုံတွေက သိရှိရပါတယ်။                                             ဧဧခိုင်