Main menu

Background

ရောင်းလိုအားနည်းပြီး ဝယ်လိုအားခိုင်မာတာကြောင့် အိန္ဒိယနနွင်းဈေး အနည်းငယ်တိုးလာ

Mon, 02/20/2012 - 08:09 -- Anonymous (not verified)

              ပြည်နယ်အစိုးရများက ဈေးနှုန်းပိုမိုလာစေဖို့ ဝယ်ယူမယ့်အလားအလာရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်မှာ ရောင်းချမှု နည်းပါးလာတဲ့အတွက် ယခုတစ်ပတ်အတွင်း အိန္ဒိယနနွင်းကြိုပွိုင့်ဈေး အမြင့်ဘက်ကို တက်ခဲ့ပါတယ်။ NCDEX  ကြိုပွိုင့်ဈေး ကွက်မှာဝင်ရောက်မှုက အကန့်အသတ်သာရှိပြီး၊ လက်တွေ့ဝယ်လိုအား မြင့်တက်လာတဲ့ အတွက် ဖေဖော်ဝါရီလ ၁၅ ရက်မှာ နနွင်းကြိုပွိုင့်ဈေး မြင့်တက်ခဲ့တာဖြစ်ပါတယ်။နိုင်ငံအထက်ပိုင်းမှ အဝယ်အော်ဒါအသစ်များရှိလာတာကြောင့် အီရော့နနွင်း လက်ငင်းဈေးကွက်မှာ  ကုန်သည်တွေ အမြောက်အမြားဝယ်ယူကြတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း နနွင်းသစ်များကလည်း တင်ပို့သူတွေအတွက် ဆွဲဆောင်နေလို့ ကုန်သည်တွေက ဈေးအမြင့်နဲ့ ကမ်းလှမ်းခဲ့ကြတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တိုင် အောင် နနွင်းတစ်တန် ရူပီး ၅၀၀၀၀(ကန်ဒေါ်လာ ၁၀၁၅)နဲ့ ရောင်းချခဲ့ပြီးနောက် နေ့စဉ် ဆိုသလို ဈေးကျဆင်းခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ တစ်တန် ရူပီး ၅၀၀၀၀(ကန်ဒေါ်လာ ၁၀၁၅)အထိ ပြန်လည်မြင့်တက် ခဲ့တဲ့အတွက် နနွင်းဝင်ရောက်မှု တိုးတက်လာတော့မယ်လို့ ကုန်သည်များမှ ခန့်မှန်းကြပါတယ်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ ဧပြီလ ပထမပတ်တိုင်အောင် ကာလရှည်အတွင်းမှာတော့ နနွင်းသစ်ဝင်ရောက်မှုများတာကြောင့် ပြည်တွင်းဈေးလျော့ကျဖွယ်ရှိတယ်လို့ လေ့လာဆန်းစစ်သူများက ခန့်မှန်းထားကြပါတယ်။ နယူးယောက်နိုင်ငံတကာ နနွင်းဈေးကွက်မှာ ဖေဖော်ဝါရီလ ၃ ရက်မှာ ပြီးဆုံးတဲ့ သီတင်းပတ်အတွင်း နနွင်းဈေးဟာ တစ်ကီလို ရူပီး ၅ ဒသမ ၆၂ ဈေးနဲ့ ငြိမ်နေကြောင်း သိရပါတယ်။     ယမင်းခင် Source: commodilyonline