Main menu

Background

၂၀၁၂ တွင် အိန္ဒိယလက်ဖက်လုပ်ငန်းမှ လိုအပ်ချက်ကီလို သန်း ၅၀ခန့်ရှိနိုင်

Mon, 02/20/2012 - 08:17 -- Anonymous (not verified)

အိန္ဒိယနိုင်ငံရဲ့ လက်ဖက်ထုတ်လုပ်မှု မြင့်တက်လာပေ မယ့်လည်း ၂၀၁၂ မှာ အိန္ဒိယအနေနဲ့ ကီလို ၄၅ သန်းမှ သန်း ၅၀အထိလိုအပ်ဖွယ်ရှိကြောင်း အိန္ဒိယလက်ဖက်အသင်း ITA မှ ထုတ်ပြန်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာအထိ အိန္ဒိယရဲ့ လက်ဖက်ထုတ်လုပ်မှု ကီလို ၉၈၈ သန်းအထိ ရောက်ရှိခဲ့ပြီး သုံးစွဲမှုက နှစ်စဉ်ကီလို သန်း ၃၀အထိတိုးလာကြောင်း ITA ရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။ ရာသီဥတုဆိုးဝါးတာ ကြောင့် အဓိကစိုက်ပျိုးတဲ့ဒေသများမှာ ထုတ်လုပ်သူများက ကီလို ၁ ဘီလီယံခန့်မှန်းထားတာထက် လျော့နည်းနိုင် ကြောင်း နောက်ဆုံးထုတ်စာရင်းများအရ သိရပါတယ်။ ၂၀၁၅ ခုနှစ်မှာ လက်ဖက်ထုတ်လုပ်မှုကဏ္ဍကနေ ရူပီး ၃၃၀၀၀၀ သန်းရရှိဖို့ မျှော်မှန်းထားကာ ယခုလက်ရှိမှာ ရူပီး ၁၉၅၀၀၀ သန်းသာရရှိသေးကြောင်း သိရပါတယ်။ လက်ဖက် စိုက်ပျိုးမှုက ဟက်တာ ၆ သိန်းနီးပါးရှိကြောင်း သိရပါတယ်။ တရုတ်ပြီးရင် အိန္ဒိယက ကမ္ဘာ့လက်ဖက်သုံးစွဲမှု အများဆုံး၊ ဒုတိယထုတ်လုပ်မှုအများဆုံးနဲ့ စတုတ္ထတင်ပို့မှု အများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယလက်ဖက်လုပ်ငန်းများ က ယခုအချိန်မှာ တရုတ်၊ သီရိလင်္ကာ၊ ဥရောပ၊ ကင်ညာ၊ ဂျပန်စတဲ့နိုင်ငံများနဲ့ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နေရကြောင်း သတင်းရရှိပါတယ်။ Source:Commodity online  K.Z.W