Main menu

Background

ပြင်ပဈေးကွက်နှင့် ငွေလဲစင်တာများ၏ ဈေးကွက် အနည်းငယ်သာ ကွာဟ

Mon, 02/20/2012 - 08:29 -- Anonymous (not verified)

           ယခုတစ်ပတ်အတွင်းတွင် အမေ ရိကန်ဒေါ်လာ  လဲလှယ်နှုန်းမှာ ပြင်ပ ဈေးကွက်တွင်  လဲလှယ်မှုနှုန်းထားနှင့် ငွေလဲစင်တာများ၏လဲလှယ်မှုနှုန်းထား  ကွာဟချက်မှာ   အနည်းငယ်သာရှိ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။သိမ်ဖြူငွေလဲစင်တာတွင် အမေရိ ကန်ဒေါ်လာနှင့်အက်ဖ်အီးစီလဲလှယ်နှုန်း မှာ ယခုတစ်ပတ်အတွင်း အပြောင်းအ လဲမရှိတည်ငြိမ်နေခဲ့သော်လည်းပုဂ္ဂလိက ဘဏ်များရှိငွေလဲစင်တာများတွင် ငွေ လဲနှုန်းမှာ အနည်းငယ်သာ အပြောင်း အလဲရှိခဲ့သည်ကို တွေ့ရှိရသည်။ဗဟိုဘဏ်မှပုဂ္ဂလိကဘဏ်များအား ပြင်ပပေါက်ဈေးနှင့်အနီးစပ်ဆုံးဈေးနှုန်း ကို သတ်မှတ်ခွင့်ပေးခဲ့ခြင်းကြောင့် ယခု ကဲ့သို့ ငွေလဲနှုန်းများ တည်ငြိမ်လာခဲ့ရ ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ပုဂ္ဂလိကဘဏ်များသည် လည်းအမေရိကန်ဒေါ်လာတစ်သောင်း  အထိကို မည်သည့်ကန့်သတ်ချက်မှမလို ဘဲ လဲလှယ်ပေးနေခြင်းကြောင့်ဖြစ်ရ ကြောင်း သိရသည်။ပြင်ပဈေးကွက်တွင်လည်း ငွေလဲ နှုန်းမှာအနည်းငယ်သာ အတက်အကျ ရှိခဲ့သည်ကို တွေ့ရသည်။ သိမ်ဖြူငွေလဲစင်တာတွင် ဖေဖော် ဝါရီလ ၁၃  ရက်မှ ၁၇  ရက်အထိ အမေရိကန်တစ်ဒေါ်လာလျှင် ရောင်း ဈေး ၈၃၁ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ၈၁၇ ကျပ်ရှိကြောင်း သိရသည်။ ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့်  အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၅ ရက်အထိ အမေရိကန်တစ် ဒေါ်လာလျှင် ရောင်းဈေး ၈၂၅ ကျပ်၊ ဝယ်ဈေး ၈၁၇ ကျပ်ရှိပြီး ဖေဖော်ဝါရီ ၁၇ရက် ဈေးပိတ်ချိန်တွင် ရောင်းဈေး ၈၃၁ ကျပ် ဝယ်ဈေး ၈၁၀ကျပ်ဖြင့် ဈေး ပိတ်ခဲ့သည်ကိုတွေ့ ရသည်။ပြင်ပဈေးကွက်တွင် ဖေဖော်ဝါရီ  ၁၇ ရက်ဈေးပိတ်ချိန်တွင်ရောင်းဈေး  ၈၁၇ကျပ်ရှိပြီး ဝယ်ဈေးမှာ ၈၁၈ကျပ် သာရှိခဲ့သည်ကိုတွေ့ရသည်။"ကျွန်တော်တို့ အပြင်ဈေးကွက်မှာ တော့ ဒီတစ်ပတ်မှာသိပ်အပြောင်းအလဲ မရှိဘူး။အရောင်းအဝယ်ကလည်းအရင် ကလောက် သိပ်မရှိဘူး။ အပြင်ပုဂ္ဂလိက ဘဏ်တွေမှာဒေါ်လာတစ်သောင်းအထိ  လဲခွင့်ရနေတယ်ဆိုတော့ ကျွန်တော်တို့ အပြင်မှာက ဈေးကနည်းတယ်ဆိုပေ မယ့် အများစုကတော့ ဘဏ်တွေမှာပဲ သွားလဲကြတာများတယ်။အရင်တုန်းက တော့ ကျွန်တော်တို့ဆီမှာလဲကြတာများ တယ်။ အခုနောက်ပိုင်းမှာက ဘဏ်တွေ က စိတ်ချရတယ်ဆိုပြီးတော့ ဘဏ်တွေ ကိုပဲသွားလဲကြတာ။ ဒီမှာက နည်းနည်း ပါးပါးလဲကြတဲ့သူတွေ ခရီးသွားဟန်လွဲ လဲကြတဲ့သူတွေပဲများတယ်"ဟု သုံးသပ် ပြခဲ့သည်။ပို့ကုန်ဝင်ငွေ  ဈေးနှုန်းမှာလည်း ယခုတစ်ပတ်အတွင်းတွင် ဈေးနှုန်းတည် ငြိမ်နေခဲ့သည်ကိုတွေ့ရသည်။ ဖေဖော် ဝါရီလ ၁၃ ရက် ဈေးဖွင့်ချိန်တွင် ၈၅၁ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက် ဈေး ပိတ်ချိန်တွင် ၈၄၅ ကျပ်သာရှိခဲ့သည် ကိုတွေ့ရသည်။        MTD, KM2O