Main menu

Background

အီးယူဒေသ အခြေအနေအရပ်ရပ်ကြောင့် ရေနံစိမ်းဈေးမြင့်မားလာ

Mon, 02/20/2012 - 08:29 -- Anonymous (not verified)

                 နိုင်ငံတကာ ကယ်ဆယ်ရေး အစီ အမံများ သေချာပေါက်ရရှိစေဖို့ ရည် ရွယ်ပြီး ဂရိနိုင်ငံ ပါလီမန်က ခြိုးခြံ ချွေတာရေးစီမံကိန်းတွေကို အတည်ပြု လိုက်ရာ  ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဥရောပဒေသ ကြွေးမြီအကျပ်အတည်း အပေါ်  စိုးရိမ်မှုတွေ လျော့ကျသွား တယ်။ အီးယူဒေသက ကမ္ဘာ့ရေနံသုံး စွဲမှုရဲ့ ၁၆ ရာခိုင်နှုန်းဝန်းကျင်ကို ကိုယ် စားပြုရာ အီးယူဒေသစီးပွားရေးအလား အလာအပေါ်  စိုးရိမ်မှုလျော့ပါးလာ ခြင်းက ရေနံစိမ်းဝယ်လိုအားအတွက် အပေါင်းလက္ခဏာ  ဖြစ်စေတယ်။  ဒါ့ အပြင် အီရန်နိုင်ငံအပေါ်  အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုဆိုးဝါးလာတဲ့သတင်း က ရေနံဝယ်ယူရရှိမှုအပေါ် စိုးရိမ်မှုကို ပိုလာစေတယ်။ ရေနံတင်သင်္ဘောစီးရေ ၁၀၀ ကျော်ကိုပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ ကြီးဖြစ်တဲ့ Overseas Shipholding Group, Frontline.Ltd   က အီရန် နိုင်ငံမှ ရေနံသယ်ယူမှု  ရပ်တန့်သွား မယ်လို့ ကြေညာခဲ့တယ်။အမေရိကန်အခြေစိုက် ရေနံတင် သင်္ဘောကုမ္ပဏီကြီးဖြစ်တဲ့ OSG က လည်း အီရန်မှရေနံကို သယ်ယူတော့ မှာမဟုတ်လို့ ပြောကြားခဲ့တယ်။ အီးယူ ဒေသနိုင်ငံတွေကလည်း ဇူလိုင်မှစပြီး  အီရန်မှ ရေနံဝယ်ယူတင်သွင်းမှုကို ရပ် တန့်သွားမှာဖြစ်ရာ ဒေသတွင်းရေနံစိမ်း ဈေးနှုန်းမြင့်မားမယ်လိ့ု  ခန့်မှန်းကြ တယ်။ဒါကြောင့် ဖေဖော်ဝါရီ ၁၃ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ  မြင့်မား လာရာ နယူးယောက် ကုန်စည်ရောင်း ဝယ်ရေး (NYMEX)  မှာ မတ်လ သင်္ဘောတင်မယ့် ရေနံ (WTI oil) က တစ်စည်ကို ၉၇ ဆင့် မြင့်မားကာ ၉၉ ဒသမ ၆၄ ဒေါ်လာနဲ့ ဆစ်ဒနေ စံတော် ချိန် နေ့ခင်း ၃း၀၂ နာရီမှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်။မတ်လငွေချေရမယ့် ဘရန့်အမျိုး အစား ရေနံစိမ်းကလည်း တစ်စည်ကို ၉၈ ဆင့် (သုည ဒသမ ၈ ရာခိုင်နှုန်း) မြင့်မားကာ ၁၁၈ ဒသမ ၂၉ ဒေါ်လာနဲ့ လန်ဒန် ICE Futures Eurpoe Exchange   မှာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်။Source:Bloomberg.com, ပပ