ဓာတ်မြေသြဇာတင်သွင်းမှုပိုခဲ့ဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၇၇၃ ဒသမ ၆၁၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်း နှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်း ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဘူတန်နိုင်ငံမှ မြေသြဇာတန် ၂၅၀၊ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၇၅၄ ဒသမ ၂၅ ၊ အစ္စရေးနိုင်ငံမှ ၆၃ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာ ၂၀၄ ဒသမ ၆၇ တန်နဲ့ ဗီယက် နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၅၀၁ ဒသမ ၇၀ အသီးသီး မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ငါးရာ့နှစ်ဆယ်ကျော်သာ တင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်တန် တစ်ထောင့်နှစ်ရာကျော်လောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)ယခုအပတ်နယ်စပ်မှ ဓာတ်မြေသြဇာတင်သွင်းမှု တန် ၁၁၀၀၀ နီးပါးရှိဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၀၅၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၀၉၂၄ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၀၂၉၅ တန်၊ ရိဒ်မှ ၃၆၅ တန်ခန့်၊ မြဝတီမှ ၁၆၄ တန်ကျော်၊ ကော့သောင်းနဲ့ စစ်တွေတို့မှ တန် ၅၀ စီ အသီးသီးတင်သွင်းခဲ့ကြတာဖြစ်ပါတယ်။ ယခင်အပတ်က ထက် ၁၅၅၉ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်မှ ယခုအပတ် အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား ၄၉၂၀ တန်၊ ကွန် ပေါင်း(NPK 10:10:5) ၂၈၈၅ တန်ကျော်၊ စင်ဂဲလ်စူပါဖော့စဖိတ် ၆၆၆ တန်ကျော်၊ အမိုးနီးယမ်းနိုက်တြိတ် ၄၇၂ တန်နဲ့ နိုက်တြိတ်ပိုတက်ရှ် ၃၈၈ တန်တို့ ဖြစ်ပါ တယ်။ MIRT (DOBT)ပုံမှန်လေးပဲ အရောင်းရှိနေတဲ့ မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိနေတယ်လို့ မြေသြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခုကလည်း ရာသီ ချိန်လည်းမဟုတ်တော့ ရောင်းအားလည်း သိပ်မရှိပါဘူးလို့ အဆိုပါတာဝန်ရှိသူမှ ဆိုပါတယ်။ တီစူပါကတော့ နည်းနည်းအသုံးများလို့ ဒီတစ်ပတ်မှာ ဈေးအနည်း ငယ်တက်ပြီး ကျန်မြေသြဇာတွေက ယခင်အပတ်ဈေး အတိုင်းငြိမ်နေတယ်လို့လဲ ပြောပါတယ်။ ပုလဲအသေး ၄၆ ရာခိုင်နှုန်း (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ် က၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း (သံကွင်း-တရုတ်) က ၂၇၅၀၀ ကျပ် ၊ တီစူပါ ၄၆ % (မြား-တရုတ်) ၂၇၅၀၀ ကျပ်၊ တီစူပါ ၁၆ ရာခိုင်နှုန်း (မြားကမ္ဘာ-တရုတ်) က ၁၃၀၀၀ ကျပ်နဲ့ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာတော့ မြေသြဇာက အရောင်းအေးတယ်လို့ မြေ သြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အရောင်းအေး လာတာ နဲ့အမျှ ဈေးကလည်း အနည်းငယ်ကျလာတယ်လို့လည်း ပြောပါတယ်။ ယခင်တစ် ပတ်ဈေးနဲ့ကြည့်ရင် တစ်အိတ်ကို ၅၀၀ ကျပ်လောက် ဈေးကျလာကာ ဧပြီ၊ မေမှစပြီး ရောင်းအားရှိလာမယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်းမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး) -ရွှေတောင် (တရုတ်)က ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) က ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) က ၁၀၀၀၀ ကျပ်နဲ့ ၁၆%(တရုတ်) က ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ (၁၀း၁၀း၅)(တရုတ်)က ၁၅၅၀၀ ကျပ်၊ ဓါတ်ဆား (တရုတ်) ၁၇၅၀၀ ကျပ်၊ ပိုတက်(တရုတ်)က ၂၇၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၈၅၀၀ ကျပ် ဈေးရှိနေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးမှ ပြောပြပါတယ်။ အရောင်းပုံမှန်ရှိပေမယ့် ဈေးကအကျဘက်မှာရှိနေတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်မှာ ယခင်အပတ်နဲ့ ယှဉ်ရင် ဈေးကတစ်ထောင်ကျော်လောက် ကျလာတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၈၀၀ ကျပ်၊ တီစူပါ (သံကွင်း- တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၆% တရုတ် ၈၅၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၈၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၅၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၃၁၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ က ၃၇၀၀၀ ကျပ်ရောင်းဈေးရှိတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအဝယ်ပါးတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ အရောင်းပါးလာတာနဲ့ အမျှ ဈေးက လည်း အနည်းငယ်ကျလာတယ်လို့ ပြောပါတယ်။ မြေသြဇာက သြင်္ကန်အပြီး လောက်မှ အရောင်းရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဧပြီ၊ မေလလောက်မှစပြီး စိုက် ပျိုးချိန်ရောက်မှာဆိုတော့ အဲဒီအချိန်လောက်ထိ ဒီလို လေးဘဲသွားနေပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေက ဒီလိုပဲ အရောင်းအေးတယ်လို့ အရောင်း ဝန်ထမ်းကဆိုပါတယ်။ ဒီတစ်ပတ် မြေသြဇာဈေးက ယူရီးယား(ရွှေတောင်-တရုတ်) က ၁၈၈၀၀ ကျပ်၊ ယူရီးယား ပန်းဖူးက ၂၀၄၀၀ ကျပ်၊ တီစူပါ(GTSP ၄၆%-တရုတ်)က ၂၁၀၀၀ ကျပ်၊ တီစူပါ(GSSP ၁၆%-တရုတ်)က ၈၅၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်)က ၈၀၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅-တရုတ်)က ၂၇၀၀၀ ကျပ်နဲ့ အာမို(ဒိုင်းမွန်းစတား)က ၃၇၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOBT)
Background
