မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ကြီး၊ ငယ်၊ လတ်ကို ပုံစံအမျိုးမျိုးဖြင့် ဆောက်လုပ်နေကြပြီး၊ မြို့နယ်လမ်းသွယ်များကိုလည်း ကွန်ကရစ်ခင်းခြင်း၊ တံတားများ ဆောက်လုပ်ခြင်း လုပ်ငန်း များအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြကြောင်း တွေ့မြင်သိရှိရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုတဲ့ ဘိလပ်မြေဈေးနှုန်းမှာလည်း ပြည်ပမှဝင်ရောက်မှုများသလို ပြည် တွင်းထုတ်ဘိလပ်မြေများမှာလည်း အရည် အသွေးပြည့်မီတာကြောင့် လုပ်ငန်းဆောင်ရွက်သူများ သုံးစွဲမှုများပါတယ်။ သုံးစွဲမှုနဲ့ ထုတ်လုပ်တင်သွင်းမှု မျှတခြင်းကြောင့် ဘိလပ်မြေဈေးမှာအရောင်းသွက်ပြီး ဈေးအေးကြောင်း တွေ့ရပါတယ်။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ဘိလပ်မြေဈေးကို နှိုင်းယဉ်ကြည့်ပါက AAA တံဆိပ်ဘိလပ်မြေ တစ်အိတ် ၅၃၀၀ ကျပ်၊ မြန်မာဆင်တံဆိပ် ၅၀၀၀ ကျပ်၊ ကျားခေါင်းတံဆိပ်တစ်အိတ် ၅၂၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး၊ ဆင်မင်းတစ်အိတ် ၄၆၀၀ ကျပ်၊ မြင်းခေါင်းတစ်အိတ် ၄၄၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်လာကာ ထိုင်းစိန်တစ်အိတ် ၅၈၀၀ ကျပ်၊ ထိုင်းဆင်တစ်အိတ် ၅၉၀၀ ကျပ်ဖြင့် ဈေးအေး ကြောင်း သိရပါတယ်။ လွင်အေး
Background