Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Mon, 02/20/2012 - 08:45 -- Anonymous (not verified)

နို့ဆီ/နို့စိမ်း အဝင်နည်းဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နို့ဆီ/စိမ်း ၁၇၆ ဒသမ ၁၂ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ တစ်သိန်းကိုး ထောင်နီးပါးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာလည်း အိုကေတံဆိပ် တစ်မျိုးကိုသာ တင်သွင်းတာ တွေ့ရပါ တယ်။ ယခင်သီတင်းပတ် တင်သွင်း မှုက တန်ချိန်  သုံးရာ့ခြောက်ဆယ် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ထက်ဝက်မျှအဝင်လျော့နည်း ခဲ့တာ တွေ့ရပါတယ်။နို့မှုန့်က  နယူးဇီလန်နိုင်ငံမှ ၅၇ ဒသမ ၁၈ တန်၊ စင်ကာပူနိုင်ငံမှ ၄ ဒသမ ၂၀တန်၊USA  မှ ၈ ဒသမ ၆၁ တန်၊ ထိုင်းနိုင်ငံမှ သုည ဒသမ ၉၄၅ တန်နဲ့ မလေးရှားနိုင်ငံမှ ၈ ဒသမ ၆၇ တန် စုစုပေါင်း ၇၉ ဒသမ ၆၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း ခုနစ်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ် ၄၆ တန် တင်သွင်းခဲ့တာကြောင့် ဒီသီတင်းပတ် မှာ တန်ချိန် သုံးဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာတွေ့ရပါတယ်။MIRT (DOT) နို့ဆီနဲ့ နို့စိမ်းသာ နယ်စပ်မှအသွင်းရှိကော့သောင်းနယ်စပ်မှ ဖေဖော်ဝါ ရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၇၄ သန်း တန်ဖိုးရှိ နို့ဆီ ၇၆ တန် (၄၀၀၀ တာ)နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၁ သန်း တန်ဖိုးရှိ နို့စိမ်း ၁၀၄ ဒသမ ၂၀၂ တန် (၈၁၃၃ တာ) အသွင်းရှိခဲ့တယ်လို့ သိရ ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ၂၆ တန် ပိုမိုတင်သွင်းခဲ့ပြီး နို့စိမ်း တန် ၅၀ ကျော် လျော့နည်းတင်သွင်းခဲ့တယ် လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ               နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်  နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး  ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ)    650  680 ဒွန်း (နို့စိမ်း)          620   625 ဝမ်းတီးနို့ဆီ        630  650