Main menu

Background

နှမ်းရောင်စုံ ဂျပန်နဲ့ ကိုရီးယားကို ပုံမှန်တင်ပို့

Mon, 02/20/2012 - 08:51 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက နှမ်းများ ဂျပန်နဲ့ကိုရီးယားကို ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၆-၁၀ ရက်အတွင်း နှမ်းစုစုပေါင်း တန်ချိန် ၇၀၀ ကျော်တင်ပို့ခဲ့ပြီး တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ တရုတ်နဲ့ စင်ကာပူတို့ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် လက်ရှိကာလအထိ စုစုပေါင်း နှမ်းတင်ပို့မှု တန်ချိန် ၃၂၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅၂ သန်းကျော်ရရှိပြီးဖြစ်လို့ ၂၀၁၀-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၂၉၀၀၀ ကျော်မှ ဝင်ငွေ ကန် ဒေါ်လာ ၄၅ သန်းကျော်ထက်ပိုမို တင်ပို့ပြီးကြောင်းသိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ငြိမ်နေ ကြောင်း သိရပါတယ်။                                                                      MIRT -MAPT