Main menu

Background

နယ်စပ်မှနှမ်းရောင်စုံ တင်ပို့မှုတန် ၁၆၀၀ ကျော်အပို့ရှိ

Mon, 02/20/2012 - 08:53 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၂၉၉ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၁၆၄၅ တန်ခန့်ကို ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၈၅၄ တန် တင်ပို့ခဲ့တာမို့ ယခင်အပတ်ကထက် တန် ၂၀၀ ကျော်လျော့နည်း တင်ပို့ခဲ့တာဖြစ်ပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းနက် ၈၉၅ တန်ခန့်၊ နှမ်းဖြူ ၅၆၂ တန်နဲ့ နှမ်းဖြူ (အခွံချွတ်) ၁၈၅ တန် အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးမှာ နှမ်းဖြူဈေး ကျနေသော်လည်း နှမ်းနက်ဈေး မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံမြေပြင်ပေါက်ဈေးများ ကို ယခင်အပတ်နဲ့ နှိုင်ယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                             မိမိဘက်(ကျပ်/တန်)                                 တစ်ဖက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု            ယခင်          ပြောင်းလဲမှု    %     ယခု      ယခင်            ပြောင်းလဲမှု    %နှမ်းဖြူ    ၉၇၆၇၈၈       ၉၈၆၅၉၇          ၉၈၀၉         ၁    ၁၂၈၆    ၁၂၇၈                ၈            ၀ .၆နှမ်းနက်  ၉၃၇၈၃၀      ၉၂၅၃၀၀          ၁၂၅၃၀        ၁    ၁၃၉၇    ၁၃၉၄                ၃            ၀ .၂MIRT (DOBT)