Main menu

Background

မြေပဲသိုလှောင်မှု လျော့ကျခြင်းနဲ့ ပြည်ပဝယ်လိုအားရှိခြင်းတို့ကြောင့် အိန္ဒိယမြေပဲဆီ ဈေးမြင့်တက်

Mon, 02/20/2012 - 08:53 -- Anonymous (not verified)

  အိန္ဒိယပြည်တွင်းမှာဆီကြိတ်ခွဲသူများအတွက် မြေပဲရရှိနိုင်မှု လျော့ကျခြင်းနဲ့ ပြည်ပအဝယ် မြင့်တက်ခြင်းတို့ကြောင့် ပြည်တွင်းမြေပဲဆီဈေး မြင့်တက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်မှာ မြေပဲဆီဈေးက ၁၅ ကီလိုကို ရူပီး ၁၈၁၀ (ကန်ဒေါ်လာ ၃၆)ထိ အမြင့်ဆုံးဖြစ်ကြောင်း သိရပါတယ်။ပြည်တွင်း ဝယ်လိုအားနည်းပေမယ့် မြေပဲရရှိနိုင်မှု နည်းခြင်းက စားဆီဈေးကို မြင့်တက်စေခဲ့ပါတယ်။ မြေပဲအများစုကို ပြည်ပတင်ပို့ခဲ့တာကြောင့် ဆီကြိတ်ခွဲဖို့ ပဲပြတ်လပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယ ဆီထွက်သီးနှံ ထုတ်လုပ်တင်ပို့မှု မြှင့်တင်ရေးကောင်စီ (IOPEPC)မှပြောကြားချက်အရ ၂၀၁၁ခုနှစ်၊ ဧပြီလမှ စက် တင်ဘာလအတွင်း မြေပဲတန်ချိန် ၃၅၀၀၀၀ ဝန်းကျင်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ အဓိက တင်ပို့တဲ့နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ယူကရိန်း၊ ပါကစ္စတန်၊ တရုတ်၊ စင်ကာပူနဲ့ ရီမင်နိုင်ငံတို့ဖြစ်ကြောင်း သိရပါတယ်။             ယုဇန၊Source: commodilyonline