Main menu

Background

ပြည်ပဲပုပ် လက်ကျန်များနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိ

Mon, 02/20/2012 - 08:57 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်မှာ ဆောင်းပဲပုပ်အများဆုံး စိုက် ပျိုးပြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း သာ အနည်းငယ်စိုက်ပျိုးမှု ရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်ဈေးကွက်ကို ပဲပုပ်ဝင် ရောက်မှုမှာ အနည်းငယ်ရှိခဲ့ကြပြီး၊ ယခု ဖေဖော်ဝါရီလအတွင်းမှာ အဝင်မရှိဘဲ ပဲလက်ကျန်များသာ ရောင်းချမှု ရှိခဲ့ ကြပါတယ်။ သာယာဝတီခရိုင်အတွင်း မှထွက်ရှိတဲ့ ပဲပုပ်များကတော့ ရန်ကုန် ဈေးကွက်ကို တင်ပို့ရောင်းချကြတာကို တွေ့ရပါတယ်။  ယခု  ပြည်ဈေးကွက် အတွင်း  အရောင်းအဝယ်ဖြစ်နေတဲ့ ပဲပုပ်ဈေးကတော့ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်များ နေ့စဉ် မရှိပေမယ့် တစ်ခါတစ်ရံ  အရောင်း အဝယ် ဖြစ်တဲ့ရက်မှာ အိတ် ၁၀၀ မှ ၂၀၀ အထိရှိခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ