Main menu

Background

မတ်ပဲ

Mon, 02/20/2012 - 09:01 -- Anonymous (not verified)

မတ်ပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်          ယခု    ပြောင်းလဲမှု ၁    ဘုရင့်နောင်    ၁ တန်          ၄၃၀၀၀၀     ၄၃၄၀၀၀        ၂    မုံရွာ              ၁ ပိဿာ          ၆၆၀           ၆၆၀            ၃    ပြည်             ၁ ပိဿာ           ၆၃၀          ၆၇၅    ၄    ဟင်္သာတ       ၁ ပိဿာ           ၆၇၀         ၆၈၅            ၅    မန္တလေး        ၁ ပိဿာ           ၆၃၃         ၆၅၈ မတ်ပဲဈေးအတက်အကျနဲ့ အရောင်းအဝယ်ဖြစ်နေ    ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ကို အိတ်စပို့ဝယ် လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၄၃၇၅၀၀ ကျပ်နဲ့ ဈေးပေးအဝယ်ရှိရာ နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက ဈေးချ အဝယ်ရှိလာတာကြောင့် ၁၄-၂-၂၀၁၂ နေ့မှာတစ်တန်ကို ၄၃၀၀၀၀ ကျပ်သို့ဈေးကျခဲ့ပြီး ၁၆-၂-၂၀၁၂ နေ့မှာတော့ ၄၂၈၅၀၀ ကျပ်အထိ ထပ်မံဈေးကျဆင်းခဲ့ကာ ၁၇-၂-၂၀၁၂ ရက်တွင်  တစ်တန်ကို ၄၃၄၀၀၀ ကျပ်သိ့ုဈေးပြန်မြင့်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရောင်းသူကုန်သည်များကလည်း တက်ဈေးမှာအရောင်းများပြီး အခု လို ဈေးကျနေတဲ့အခါမှာတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်း နည်းလာတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၂၈၅၀၀ ကျပ်မှ အမြင့်ဆုံး ၄၃၇၅၀၀ ကျပ်အတွင်း တန် ၂၀၇၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သိ့ုအဝင်ပုံမှန် ရှိသလို ရန်ကုန်ဝယ်လက်မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်များကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် မြင့် လာပြီး တစ်ပိဿာကို ၆၅၈ ကျပ်(တစ်တန်ကို ၄၀၂၉၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ မှ ၈၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ မုံရွာဈေးကွက်မှာ မတ်ပဲကို မြို့ခံပဲခွဲစက်တွေနဲ့ လက်လီ ပြန်လည်ရောင်းချမည့်သူများက တစ်ပိဿာကို ၆၆၀ ကျပ် (တစ်တန် ကို ၄၀၄၁၇၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဝယ် အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေကြောင်း မြို့ခံ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်သို့ မကွေးတိုင်း ဒေသကြီး၊ ကံမ၊ ပြည်မြို့နဲ့ အောင်လံကျေးရွာများမှ ပဲသစ်တွေအဝင် ရှိနေပြီး ပဲသစ်တွေ အရောင်းအဝယ်ဖြစ်သလို လက်ကျန်ပဲဟောင်း တွေလည်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ် ပဲဟောင်း နှစ်မျိုးစလုံး ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။