Main menu

Background

ပြောင်း

Mon, 02/20/2012 - 09:05 -- Anonymous (not verified)

ပြောင်း    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်      ယခု    ပြောင်းလဲမှု     ၁      တောင်ကြီး    ၁ ပိဿာ          ၂၉၀      ၂၈၅                    ၂        လားရှိုး        ၁ ပိဿာ          ၃၄၀       ၃၄၅                 ၃        မူဆယ်        ၁ တန်       ၂၄၁၉၆၂    ၂၄၂၅၀၀        ၄      မန္တလေး        ၁ ပိဿာ           ၃၃၃      ၃၃၃    ၅       မြင်းခြံ         ၁ ပိဿာ            ၃၁၀     ၃၂၀        ပြောင်းကို အိတ်စပို့အဆွဲပုံမှန်ရှိပေမယ့်  ဒေသတွင်းအစာစပ်သမားများ ဝယ်အားပျော့လာ    တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့အဝင်ပုံမှန် ရှိနေပြီး အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အား ပျော့သွားကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၂၈၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၀၀၀၀ ခန့်ဖြစ် ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။ မူဆယ် ဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ် ဝယ်လက်ကလည်း ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာ ရင် အရောင်းအဝယ်ဖြစ်မှုပမာဏပိုများလာတယ်လို့ သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ကုန်သည်များက ဝယ်အားသွက်နေတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၄၅ ကျပ်နဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၃၀၅၂၇၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကရောင်းသူကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းတာကြောင့် ဈေးကွက်သို့အဝင်နည်း လာပေမယ့် တရုတ်ဝယ်လက်ကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၃၃၃ ကျပ်နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံပြောင်းကုန်သည်တစ် ဦးက ဆိုပါတယ်။