Main menu

Background

ပဲတီစိမ်း(အညာ)

Mon, 02/20/2012 - 09:23 -- Anonymous (not verified)

ပဲတီစိမ်း(အညာ)    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ   ယခင်    ယခု    ပြောင်းလဲမှု     ၁    မုံရွာ                ၁ ပိဿာ    ၈၁၆     ၈၁၆                      ၂    မန္တလေး            ၁ ပိဿာ    ၉၂၄     ၈၅၃    ၃    ပြည်                ၁ ပိဿာ    ၈၀၀     ၇၅၅        ၄    မကွေး              ၁ ပိဿာ    ၇၈၅     ၇၈၅ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်ဝယ်အားပုံမှန်ရှိ    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို အိတ်စပို့ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ် ပိဿာကို ၁၀၃၀ ကျပ်(တစ်တန်ကို ၆၃၀၇၆၁ ကျပ်)နဲ့ တစ်ပတ်အ တွင်း တန် ၁၀၅၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲကအဝင်လည်းများလာသလို အရည်အသွေးကလည်းကောင်းတာ ကြောင့် အိတ်စပို့ဝယ်လက်က အခုလို ဈေးပေးအဝယ်ရှိလာတာလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်း (ခရမ်းရွှေဝါ) ကိုတရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၈၄ ကျပ် (တစ်တန်ကို ၆၆၃၈၃၀ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လု့ိ သိရပါတယ်။ အခုဈေးကွက်ထဲ ဝင်လာတဲ့ ပဲကသန့်ပြီး အရည်အသွေးက  ကောင်းတယ်လေ၊ ဒါကြောင့်တရုတ်က ဈေးပိုပေးပြီး အဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်မှု ပမာဏပိုများလာတာလို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါ့အ ပြင်ပဲတီစိမ်း(အညာ)ကိုလည်း တရုတ်အဆွဲများလာပေမယ့် ရောင်း သူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်းသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၈၅၃ ကျပ်(တစ်တန်ကို ၅၂၂၃၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေး ဈေးကွက်မှာ ပဲတီစိမ်းကြီးက အရောင်းအဝယ်အေးနေပြီး ပဲတီစိမ်း သေးသာ တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်ရန်ကုန်အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၆ ကျပ် (တစ်တန်ကို ၄၉၉၇၁၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၆၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့အဝင်ပါးလာသလို ဈေးလည်းလျော့ကျသွားခဲ့တယ်လို့  ဆိုပါတယ်။ ပဲကဈေးကွက်သို့ အဝင်ပါးပေမယ့် ရန်ကုန်အဆွဲက တော့ ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၇၅၅ ကျပ်(တစ်တန်ကို ၄၆၂၃၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။