ကယားပြည်နယ် လွိုင်ကော်ခရိုင်မှာ နွေစပါးစိုက် ပျိုးရန်အတွက် ပုလဲသွယ်စပ်မျိုးစပါးဧက ၄၀ စမ်းသပ် စိုက်ပျိုးရန် သရုပ်ပြပျိုးထောင်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်က ဒီမောဆိုးမြို့နယ် ငွေတောင် စိုက်ကွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ပျိုးထောင်ပွဲ အခမ်းအနားသို့ ကယားပြည်နယ် အစိုးရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး တက်ရောက်ခဲ့ပြီး၊ ပုလဲသွယ်စပ်မျိုးစပါးစိုက်ပျိုးရန် စိတ် ဝင်စားသူ တောင်သူ ၁၅၀ ဦးနဲ့ ဌာနဆိုင်ရာအကြီးအကဲ များတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ပြည် နယ်မန်နေဂျာ ဦးမျိုးညွန့်က ပုလဲသွယ်စပ်မျိုးစပါးနဲ့ပတ် သက်လို့ ရှင်းလင်းတင်ပြခဲ့ကာ သိပ္ပံနည်းကျပျိုးထောင် နည်းကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းဝန်ထမ်းများနဲ့ တောင် သူ ၇ ဦးတို့က ပူးပေါင်းမျိုးစေ့ချ လက်တွေ့သရုပ်ပြခဲ့ပြီး၊ ဧက ၄၀ စိုက်ပျိုးရန်အတွက် ပျိုးထောင်ပြီးစီးကြောင်း သိရပါတယ်။ အဆိုပါ အခမ်းအနားမှာပင် စိတ်ဝင်စားသူ တောင်သူများမှ ပုလဲသွယ်စပ်မျိုးစပါး ၁၅ ဧက ထပ်မံ တိုးချဲ့စိုက်ပျိုးရန် ပြည်နယ်မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အမှာစာတိုးတက်ရရှိခဲ့လို့ ကယားပြည်နယ် လွိုင်ကော် ခရိုင်မှာ နွေစပါးပုလဲသွယ်စပ်မျိုးစပါးစုစုပေါင်း ၅၅ ဧက စမ်းသပ်စိုက်ပျိုးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မင်းအောင်
Background
