မန္တလေးမှ မြစ်ကြီးနားသို့ မြို့ပေါ် ကုန်သည်များ အမှာရှိခြင်းကြောင့် ကုန် အနည်းအကျဉ်း ပြန်တက်နေကြောင်း သိရပါတယ်။"အစောပိုင်းက ဖားကန့်လမ်းပိတ် လို့ ကုန်တင်ပို့မှုရပ်သွားခဲ့တယ်။ ခုတစ် ပတ်မှာ လမ်းပွင့်လာတော့ ကုန်မှာယူမှု ရှိလာပြီ။ လှိမ့်တော့ ဝင်မလာသေးဘူး။ မြို့ပေါ်အရောင်းအဝယ်လုပ်တဲ့ ကုန် သည်တွေပဲ လာကြသေးတယ်။ ဖား ကန့်မှော်ထဲက ကုန်သည်တွေ မမှာရဲ သေးဘူး။ အရောင်းအဝယ် အေးလို့ တွဲပြည့်တော့ ဝယ်ယူတင်ပို့မှု မရှိသေး ဘူး။ ခုလောလောဆယ် အဆင်းကုန် မရှိသေးဘူး။ တရုတ်အထည်အလိပ် အနည်းအကျဉ်းလောက်ပဲ ပြန်ဆင်း တယ်"လို့ မြစ်ကြီးနားကုန်သည် တစ်ဦး က ပြောပါတယ်။မြစ်ကြီးနား-မန္တလေး မီးရထားနဲ့ ကုန်တင်ပို့တဲ့ တန်ဆာခနှုန်းမှာ ကုန်တွဲ တစ်တွဲကို ယခင်လပိုင်းက ကျပ် ၄ သိန်းရှိကာ၊ ယခုကျပ် ၅ သိန်း၊ ၆ သိန်း ဝန်းကျင်ပေါက်ပြီး ကုန်များပါက ကျပ် ၇ သိန်း၊ ၈ သိန်းပေးဆောင်ရကြောင်း သိရပါတယ်။ အဆင်းကုန် ရှားခြင်းကြောင့် အဆင်းကုန်စပေါ် ယူထားသူများ တွက်ခြေမကိုက်ကြောင်း သိရပါတယ်။ အတက်ကုန်များမှာ စားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ဆောက် လုပ်ရေးသုံးပစ္စည်းများ တင်ဆောင်မှု ရှိလို့ အရောင်းအဝယ် အေးနေခြင်း ကြောင့် ယခင်လို စားသောက်ကုန် တွဲ ပြည့်တင်ဆောင်ခြင်းမရှိဘဲ ဆောက် လုပ်ရေးသုံးပစ္စည်းများဖြင့် စုတင်နေ ကြောင်း သိရပါတယ်။ အဆင်းကုန် များမှာ ဒေသထွက် ပဲ၊ နှမ်း၊ ဖွဲ၊ ဒန် ပစ္စည်းများ အနည်းငယ် ဆင်းနေ ကြောင်း သိရပါတယ်။ ဇူးဇူး
Background
