Main menu

Background

ဥရောပသို့ မြန်မာ့ယဉ်ကျေးမှု ပို့ကုန်များ ပုံမှန်တင်ပို့လျက်ရှိ

Mon, 02/20/2012 - 09:37 -- Anonymous (not verified)

မြန်မာ့ယဉ်ကျေးမှုပို့ကုန်များကို ဥရောပနိုင်ငံများသို့ ပုံမှန်တင်ပို့ လျက်ရှိကြောင်း Myanmar String Puppets & Cultural Group မှသိရပါတယ်။ မြန်မာ့ယဉ်ကျေးမှုပို့ကုန်များကို ၂၀၀၀ ပြည့်နှစ်မှစလို့ တင် သွင်းလျက်ရှိရာ တစ်နှစ်ကို နှစ်ပွဲ၊ သုံးပွဲ သွားရောက်ဖျော်ဖြေမှုရှိကြောင်း သိရပါတယ်။ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ သွားရောက် ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်။Myanmar String Puppets & Cultural Group မှ Director ကိုကျော်မျိုးကိုက "ဒီနှစ်မှာ ဖေဖော်ဝါရီ ၂၈ ရက်ကနေ ဧပြီ ၂ရက်အထိ နိုင်ငံ ၄ နိုင်ငံကိုသွားရောက်ဖျော်ဖြေမယ်။ ဘယ်လ်ဂျီယံနဲ့ နယ်သာလန် နိုင်ငံမှာ မင်းသားကျော်မျိုးခိုင်နဲ့ မင်းသမီးစိုးစန္ဒာဝင်းတို့က အကအလှနဲ့ ဖျော်ဖြေမှာဖြစ်ပြီး၊ ဂျာမဏီနဲ့ပြင်သစ်နိုင်ငံမှာ ကိုလှမြိုင်က အတီးအမှုတ်၊ အေးစုကျော်က စောင်းနဲ့ဖျော်ဖြေမှာဖြစ်ပါတယ်။ ဟိုမှာရှိတဲ့ နိုင်ငံတကာ Community  ကိုသွားရောက်ဖျော်ဖြေရခြင်းဖြစ်တယ်။ ပြင်သစ်နိုင်ငံအခြေ စိုက် Zamar Production  နဲ့ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုတွေ၊ Music တွေကို ဖော်ထုတ်တင်ပို့နေခြင်းဖြစ်တယ်။ အခါတိုင်းက မြန်မာ့ရုပ်သေးအက လည်း ဖျော်ဖြေဖြစ်တယ်။ ဒီတစ်ခေါက်က  Music  ဝိုင်းသီးသန့်ပဲ ဖျော်ဖြေ မယ်။ ဖျော်ဖြေမှုပြီးသွားရင်  Music နဲ့ပတ်သက်ပြီး ဆွေးနွေးကြမယ့် အစီအစဉ်လည်းပါတယ်။ မြန်မာ့ယဉ်ကျေးမှုက နက်နဲတယ်။ မြင့်မားတယ်။ ကြည့်စရာ ရှုစရာ တွေလည်းအများကြီးပဲ။ အနုပညာ Professional သမား တွေကလည်းနည်းလာပြီး၊ နှဲသမားဆိုရင် မရှိသလောက်ဖြစ်နေပြီး၊ Cultural tour   နဲ့ပတ်သက်ပြီး Self  ကန်ထရိုက်ပေးဆိုရင်လည်း လုပ်ပေးတယ်။ အနု ပညာ Professional  သမားတွေ များများရှိဖို့လိုအပ်ပါတယ်" လို့ပြောပါ တယ်။ မြန်မာ့ယဉ်ကျေးမှုကို အဓိကထားလေ့လာချင်သူများအတွက် ဇူလိုင်၊ သြဂုတ်လမှစလို့ အက၊ ရုပ်သေး၊ တူရိယာ၊ ဆိုင်းဝိုင်းများနဲ့ပတ်သက်ပြီး ထုတ်လုပ်မှုမှစလို့ တီးခတ်ဖျော်ဖြေရတဲ့အထိ သိရှိနိုင်ရန် ချိတ်ဆက်ပေး မှာဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲများ အစီအစဉ်ထည့်ကာ စီစဉ်ထားကြောင်း၊ ကျေးရွာ Style များလည်း သွားရောက်လေ့လာနိုင်ရန် စီစဉ်ထားကြောင်း၊ မြန်မာ့ယဉ်ကျေးမှုကို ပို့ကုန်တစ်ရပ်အနေနဲ့ ဖျော်ဖြေမှုသာမက ပြည်တွင်း တွင်လည်း လေ့လာမှုမကုန်နိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း သိရပါ တယ်။                                                      ဇူးဇူး