ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းများအရ ဇန်နဝါရီလမှာ မောင်တောနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၇၈၁ သန်းတန်ဖိုးရှိ ရေထွက်ပို့ကုန် တန် ၅၆၀ နီးပါး တင်ပို့နိုင်ခဲ့ပြီၤး ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လ တာကာလမှာတော့ ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းကျော် တန်ဖိုးရှိ ရေထွက်ကုန် တန် ၂၇၃၀ ကျော်တင်ပို့ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ရွှေပြည်ထွန်းတောက်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းမောင်က ထွက်ရှိသမျှ ပုစွန်များအားလုံး တင်ပို့နိုင်ရေး ပုစွန်အဝယ်ဒိုင်များနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ပြောပါတယ်။ ရွှေပြည်ထွန်းတောက် ကုမ္ပဏီဟာ ရေငန်ပုစွန် အများအပြားတင်ပို့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တတိယလေးလပတ်ကာလဟာ ငါးခြောက်လှိုင်လှိုင်ထွက်ရှိတဲ့ရာသီဖြစ်တဲ့ အတွက် ငါးခြောက် မျိုးစုံ ပိုမိုတင်ပို့နိုင်မယ်လို့ မောင်တောနယ်စပ်ကုန်သည်များ မျှော်လင့်လျက်ရှိပါတယ်။ ငါးခြောက်အတက်နည်းတဲ့အတွက် ဘူးသီးတောင်ထိဆင်းပြီး ငါးခြောက်များသယ်ယူစုဆောင်းနေကြတယ်လို့လည်း သတင်းရရှိပါတယ်။ ပုစွန်ထွက်ရှိမှုနည်းသော် လည်း ထွက်သမျှပုစွန်များတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ Source: နကသ (မတ)DOBT (MIRT)
Background