မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၀၀ သန်းတန်ဖိုးရှိ ဖရဲသီး ၇၅၅၇ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၅၉ သန်းတန်ဖိုးရှိ ဆီးသီး တန် ၃၄၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းတန်ဖိုးရှိ သခွားမွှေး တန် ၈၅၀ ကျော်နဲ့ ကန်ဒေါ်လာ ၁၆၅၀ တန်ဖိုးရှိ စပျစ်သီး ၁၁ တန်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ ဒါ့အပြင် ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၂၂ သန်းတန်ဖိုးရှိ တစ်ရှူးငှက်ပျော ၁၇၈ တန်လည်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းမှုအနေနဲ့ မူဆယ်မှ ပန်းသီး တန် ၇၁၀ နဲ့ မြဝတီမှ တည်သီး ၈၂ တန်ကျော် တန်ဖိုးအားဖြင့် သုည ဒသမ ၃၄၀ သန်းဖိုး ဆောင်ရွက်မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၄၇၅ သန်း တန်ဖိုးရှိ သစ်သီးဝလံ ၈၉၃၆ တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ သုည ဒသမ ၃၄ သန်းတန်ဖိုးရှိ ပန်းသီးနဲ့ တည်သီး ၇၉၂ တန် ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် သစ်သီးဝလံကုန်သွယ်မှုမှာ ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။
Background