တရုတ်နိုင်ငံမှာ ပြုပြင်ထုတ်လုပ်သူများနဲ့ မွေးမြူရေးသမားများရဲ့ ဝယ်လိုအား ကြီးထွားနေခြင်းက နောက် ၁၀ စုမှာ ၆ ဆခန့်ထိမြင့်တက်မယ်လို့ အမေရိကန်စိုက် ပျိုးရေးဌာနက ခန့်မှန်းထားပြီး၊ အဲဒီလိုတင်သွင်းမှုမြင့်တက်ခြင်းက သီးနှံဈေးကွက် အတွက် ထူးခြားတဲ့အကြောင်းအရာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ကာလရှည် သီးနှံခန့်မှန်းချက်တွေကို နှစ်စဉ်စောင့်ကြည့်လေ့လာတွက်ချက်နေတဲ့ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) က ခန့်မှန်းရာမှာ နောက် ၁၀ စုနှစ်ဖြစ်တဲ့ ၂၀၂၀-၂၁ မှာ ကမ္ဘာ့ပြောင်းကုန်သွယ်မှုရဲ့ ၄၅ ရာခိုင်နှုန်းခန့်ထိ တရုတ်နိုင်ငံက ဝယ်ယူလိမ့် မယ်လို့ ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုဟာ လက်ရှိဈေးကွက်နှစ်မှာ တန်ချိန် ၃ သန်းခန့်ရှိရာမှ ၂၀၂၀-၂၀၂၁ မှာ တန်ချိန် ၁၆ သန်းကိုလည်း ၂၀၂၁-၂၀၂၂ မှာ တန်ချိန် ၁၈ ဒသမ ၁ သန်းအထိလည်း ထပ်မံမြင့်တက်ကာ ဂျပန်နဲ့ မက္ကဆီကိုတို့လို ပြောင်း ထိပ်တန်း တင်သွင်းသူဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ နိုင်ငံရဲ့မွေးမြူရေးနဲ့ စက်မှု ကဏ္ဍတွေ တိုးချဲ့လာတာကြောင့် ပြည်တွင်း ပြောင်းဝယ်လိုအားကလည်း အား ကောင်းလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ထုတ်လုပ်မှု တိုး တက်အောင် ကြိုးပမ်းနေပေမယ့် တိရစ္ဆာန်အစာဝယ်လိုအား ပြည့်မီနိုင်စွမ်းမရှိဘူး လို့ ဆိုပါတယ်။အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ လာမယ့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံ နှစ်စဉ်ပြောင်းဝယ်လိုအား တိုးတက်မှုကို ခန့်မှန်း တွက်ချက်ထားပါတယ်- ဘဏ္ဍာနှစ် ယခုနှစ်ခန့်မှန်းပမာဏတန်ချိန် ယခင်နှစ်ခန့်မှန်းတန်ချိန် ၂၀၁၀-၂၀၁၁ ၁ သန်း ၁ သန်း ၂၀၁၁-၂၀၁၂ ၃ သန်း ၁ ဒသမ ၂ သန်း ၂၀၁၂-၂၀၁၃ ၄ သန်း ၁ ဒသမ ၈ သန်း ၂၀၁၅-၂၀၁၆ ၇ ဒသမ ၅ သန်း ၄ ဒသမ ၁ သန်း ၂၀၁၇-၂၀၁၈ ၁၀ ဒသမ ၈ သန်း ၅ ဒသမ ၈ သန်း ၂၀၂၀-၂၀၂၁ ၁၆ ဒသမ ၀ သန်း ၈ ဒသမ ဝ သန်း ၂၀၂၁-၂၀၂၂ ၁၈ ဒသမ ၁ သန်း -တရုတ်နိုင်ငံက ကမ္ဘာမှာ ဒုတိယပြောင်းအများဆုံး ထုတ်လုပ်သူဖြစ်သလို ဒုတိယအများဆုံး စားသုံးသူဖြစ်ပေမယ့် မြေတိုးချဲ့ဖို့ အကန့်အသတ်သာရှိခြင်း၊ အရည်အသွေးကောင်း မျိုးစေ့နဲ့ လယ်ယာလက်တွေ့ ဆောင်ရွက်မှုမှာ မပြည့်စုံခြင်း စတဲ့ အကြောင်းတွေကြောင့် အထွက်နှုန်းမှာ လက်ရှိအချိန်ထိ နည်းနေဆဲဖြစ်တာ ကြောင့် ထွက်ရှိမှုအလားအလာကလည်း ကြီးမားလာဖွယ်မရှိတဲ့ အခြေအနေဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံအနေနဲ့ တင်သွင်းမှု ကြီးမားလာမှုအပေါ် ရင်းနှီးမြှုပ်နှံသူ တွေက စိတ်ဝင်စားလာကြပါတယ်။ တရုတ်နိုင်ငံရဲ့ဝယ်ယူမှုက အမေရိကန်မှ များ မယ်လို့ USDA က ခန့်မှန်းထားပါတယ်။ဒါပေမယ့် ဆိုဗီယက်ပြည်ထောင်စု၊ ဘရာဇီး၊ ဥရောပနဲ့ အခြားဥရောပ နိုင်ငံများမှ ပြောင်းတင်ပို့မှု မြန်ဆန်စွာ တိုးတက်နေတာကြောင့် ကမ္ဘာ့ပြောင်း ကုန်သွယ်မှုမှာ အမေရိကန်တင်ပို့ဝေစုဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပျမ်းမျှ ၅၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်လောက်မှာ ၄၇ ရာခိုင်နှုန်းကို လျော့ကျနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းခင်၊Source: bloomberg
Background