Main menu

Background

နယ်စပ်မှ ရော်ဘာတန် ၁၀၀၀ ကျော် တင်ပို့

Mon, 02/20/2012 - 10:21 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၀၂၀ တန်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက် ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၂ ဒသမ ၇၇ သန်းတန်ဖိုးရှိRSS-3 ၄၂၄ တန်ကျော်၊ RSS-5  ၂၂၃ တန်၊ MSR-20 ၆၂ တန်ခန့်၊MSR-50 ၁၁၈ တန်ကျော်၊ ရော်ဘာဖြတ်စ ၄ တန်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၀ ဒသမ ၅၉၈ သန်းတန်ဖိုးရှိ RSS-3  ၁၈၉ တန်ဖြစ်ပါတယ်။ ယခင်အပတ်က တင်ပို့မှုထက် ၉၅ တန်ခန့် လျော့နည်းခဲ့ပါတယ်။RSS-5 ယခုအပတ်မှာအပို့ရှိခဲ့သော်လည်း RSS-3 ၊ MSR-20 ၊ MSR-50 ဖြတ်စများတင်ပို့မှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေး ပြောင်းလဲမှုမရှိသော်လည်း တစ်ဖက်နိုင်ငံဈေး အနည်းငယ်မျှ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်-                                      မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                         ယခု           ယခင်      ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %]RSS - 3        ၂၅၈၄၈၀၀    ၂၅၈၄၈၀၀         -           -      ၃၅၇၁    ၃၅၆၃            ၈        ၀ .၂RSS - 5        ၂၄၆၇၅၃၂    ၂၄၆၇၅၃၂          -           -      ၃၄၉၂    ၃၄၈၄            ၈        ၀ .၂ MIRT (DOBT)