Main menu

Background

နှစ်သစ်ကူးပွဲတော်ပြီးနောက် ရော်ဘာအရောင်းအဝယ်ပြန်ကောင်း

Mon, 02/20/2012 - 10:24 -- Anonymous (not verified)

ကာလတာရှည်စွာ ဈေးကွက်ပျက်နေရာကနေ ဝယ်လိုအားပြန်တက်လာပြီး ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအားလည်း အကျပ်အတည်းတွေ့တာကြောင့် ရော်ဘာအရောင်းအဝယ်တွေ သိသာထင်ရှားစွာ ပြန်ကောင်းလာကြောင်း စက်မှုကျွမ်းကျင် သူများက ပြောပါတယ်။ တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ Mong Cai  မှာ ရော်ဘာတင်ပို့မှု သိသိသာသာမြင့်တက်ပြီး တစ်နေ့ကို ပျမ်းမျှတန် (၅၀၀-၆၀၀) ခန့် တင်ပို့နေရကြောင်း   Bainh Long   ကုမ္ပဏီမှ ပြောကြားပါတယ်။ ရက်တော်တော်များများမှာ တန် ၁၀၀၀ ခန့်ထိ တင်ပို့နိုင်တာကိုတောင် တွေ့ရကြောင်း ၎င်းကုမ္ပဏီက ပြောပါတယ်။ ကုန်သွယ်မှုပမာဏမြင့်တက်တာ ကလည်း ရော်ဘာပို့ကုန်ဈေးနှုန်းကို မြင့်တက်စေပြီး ယခုလက်ရှိမှာ ရော်ဘာတစ်တန်ကို ၂၃၀၀၀ ယွမ် (၃၆၅၁ ဒေါ်လာ)နဲ့ ရောင်းချနေပြီး ဇန်နဝါရီလကထက် တစ်တန်ကို ၄၇၆ ဒေါ်လာခန့် ဈေးပိုရခဲ့ကြောင်း သိရပါတယ်။ တရုတ်ရဲ့ သဘာဝရော်ဘာ ဝယ်လိုအား တစ်ရှိန်ထိုးတိုးတက်လာပြီး ရောင်းလိုအားကျဆင်းနိုင်တဲ့ အခြေအနေထက် ပိုမိုတင်သွင်းနေတာ တွေ့ရကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း ANRPC  မှ ပြောကြားပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာ ရော်ဘာအရန်ထားရှိမှုက ဇန်နဝါရီလလယ်ထက် ၆ ရာခိုင်နှုန်းခန့် လျော့ကျခဲ့တယ်လို့လဲ သိရပါတယ်။ ဈေးကွက်အနေနဲ့ကတော့ ယခုနှစ်မှာ အကြမ်းဖျင်း ရော်ဘာတန်ချိန် ၃ ဒသမ ၆၁ သန်းခန့် သုံးစွဲမယ်လို့မှန်းထားပြီး ယခင်နှစ်ထက် ၃ ရာခိုင်နှုန်းခန့် ပိုမိုမှာဖြစ်ကြောင်း သိရပါတယ်။ ရော်ဘာဈေးပြန်လည်မြင့်တက်တာက တရုတ်ဈေးကွက် တစ်ခု တည်းမှာ မဟုတ်ဘဲ အခြားဈေးကွက်များမှာပါ တရုတ်နှစ်သစ်ကူးပွဲတော် ပြီးကတည်းက ပြန်လည်မြင့်တက်ခဲ့ ကြောင်း ဗီယက်နမ်ရော်ဘာအသင်း VRA မှ ပြောကြားပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဗီယက်နမ်ရော်ဘာ SVR 3 L က ဇန်နဝါရီလကုန်မှာ တစ်တန်ကို ၃၄၅၀ ဒေါ်လာရှိပြီး လဆန်းထက် ဒေါ်လာ ၁၈၀ လောက် ဈေးပိုရခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဈေးမြင့်တက်ခြင်းက ပြည်တွင်းဈေးကိုမြင့်တက်စေကြောင်းလည်း သိရပါတယ်။ ဖေဖော်ဝါရီလဆန်းမှာ SVR 3 L အမျိုးအစား တန်ဖိုးဒေါင် ၇၆ ဒသမ ၅ သန်းဖိုးကို Sai Gon Thuoag Tin   ကုန်စည်ဒိုင်  (Sacon - STE) မှာ ဇန်နဝါရီထက် ဒေါင် ၁၀ သန်းခန့် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဈေးတက်ရခြင်းအကြောင်း ကတော့ ရော်ဘာတင်ပို့တဲ့ထိပ်တန်း ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ အစေးအထွက်ကျတဲ့ ရာသီဖြစ်တာ ကြောင့် ဈေးကွက်ထဲကို ပစ္စည်းအရောက်နည်းတာကြောင့်လို့ VRA က ပြောကြားပါတယ်။ ဒါ့အပြင် ထိုင်းအစိုးရရဲ့ ၁၇ ဘီလီယံအကုန်ကျခံပြီး အရန်ရော်ဘာဝယ်ယူခဲ့ခြင်းကလည်း ဈေးနှုန်းတက်ဖို့ အထောက်အပံ့ပေးစေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ရေနံဈေးတက်ခြင်းနဲ့ အမေရိကန်မှာ အလုပ် လက်မဲ့နှုန်းကျဆင်းပြီး ကားအရောင်းတက်လာတာက ရော်ဘာဝယ်လိုအားကို တက်စေတာကြောင့် ရော်ဘာဈေးနှုန်းမြင့်တက်တာလို့ သိရပါတယ်။ အဓိကထွက်ရှိတဲ့နိုင်ငံတွေမှာ သဘာဝရော်ဘာထုတ် လုပ်မှုက ယခုနှစ်မှာ တန်ချိန် ၁၀ ဒသမ ၄၅ သန်းကို ရောက်ရှိနိုင်ပြီး ယခင်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်နိုင် ကြောင်း သိရပါတယ်။ ဒါ့ကြောင့် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ရာသီဥတုကြောင့် ရော်ဘာဆက်လက်ပြီးအထွက် လျော့ဖွယ်ရှိတာကြောင့် သဘာဝရော်ဘာဈေးနှုန်းက မေလတိုင်အောင် မြင့်တက်နိုင်တယ်လို့ ANRPC  က ခန့်မှန်းထား ကြောင်း သတင်းရရှိပါတယ်။                                                                                                 Source:VNS,K.Z.W