Main menu

Background

ထိုင်းရော်ဘာဈေးနှုန်းများ တစ်လအတွင်း ဒေါ်လာ ၈၀၀ နီးပါး မြင့်မားလာ

Mon, 02/20/2012 - 10:28 -- Anonymous (not verified)

ဖေဖော်ဝါရီလဒုတိယပတ် အာရှရော်ဘာဈေးနှုန်းတွေ ဆက်လက်အားကောင်းလာတယ်။ မလေးရှား  latex   ရော်ဘာ ရောင်းလိုအားကျဆင်းနေချိန်မှာ ဝယ်လိုအားကောင်းနေတာကြောင့် တစ်တန်ကို ၂၅၇၄ ဒသမ ၅၀ ဒေါ်လာနဲ့ ဈေးနှုန်းခိုင်မာ နေတယ်။ လာမယ့်ရက်သတ္တပတ်မှာလည်း ရောင်းလိုအား အကျပ်အတည်းရှိဦးမှာဖြစ်ရာ မလေးရှားရော်ဘာဈေးနှုန်းတွေ မြင့်မားဖွယ်ရှိတယ်လို့ သုံးသပ်ကြတယ်။ ဒါ့အပြင် ဂရိနိုင်ငံက ကြွေးမြီပြဿနာအတွက် ခြိုးခြံချွေတာရေးစီမံကိန်းကို အတည်ပြု နိုင်လိုက်ခြင်းကြောင့် အီးယူဒေသ စီးပွားရေးကျဆင်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကို လျော့ကျစေတယ်။ ၎င်းအချက်က ရော်ဘာဝယ်လို အားအတွက် ကောင်းတဲ့အလားအလာဖြစ်လာခြင်းကလည်း ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးနေတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာ ထိုင်းရော်ဘာဈေးကွက်တွေ ပိတ်ထားတာကို တွေ့ရတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ စာရင်းအရထိုင်းရော်ဘာဈေးနှုန်းတွေလည်း မြင့်မားနေတယ်။ ဖေဖော်ဝါရီ ၇ရက်က တစ်တန်ကို ၄၀၈၄ ဒသမ ၅၀ ဒေါ်လာရှိနေတဲ့ ထိုင်းမှိုင်းခံရော်ဘာ(RSS-5) က ဖေဖော်ဝါရီ ၁၀ ရက်မှာ တစ်တန်ကို ၄၀၉၂ ဒေါ်လာအထိ မြင့်မား လာတာကို သုံးသပ်တွေ့ရှိရတယ်။ ၎င်းဈေးနှုန်းက ဇန်နဝါရီ ၁၀ ရက်ဈေးနှုန်းထက် တစ်တန်ကို ၇၈၁ ဒသမ ၅၀ ဒေါ်လာမြင့် မားလာတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ မြင့်မားလာခြင်း၊ ဇန်နဝါရီလအတွင်း အိန္ဒိယရဲ့ ရော်ဘာတင်သွင်းမှု ၂၂၃ ရာခိုင်နှုန်း မြင့်မားခဲ့ခြင်းနဲ့ ထိုင်းနိုင်ငံမှာ ရော်ဘာရွက်ကြွေပြီးရော်ဘာစေးထုတ်လုပ်မှုနည်းတဲ့ ရာသီရောက်ရှိလာခြင်းတို့က ထိုင်းရော်ဘာ ဈေးနှုန်းတွေကို တစ်လအတွင်း ဒေါ်လာ ၈၀၀ နီးပါး မြင့်မားလာစေတယ်။                  Source:thainr.com, ပပ