ဧရာဝတီတိုင်းဒေသကြီး၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးလှခိုင်၊ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးဟန်၊ Winner Economics Enterprise Services Co.,Ltd အုပ်ချုပ်မှု ဒါရိုက် တာ ဦးမျိုးညွန့်အောင်တို့က ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမမှာ ဖေ ဖော်ဝါရီ ၁၁ ရက်က ပြုလုပ်တဲ့ ကုန် ပစ္စည်းအသစ်များ မိတ်ဆက်ပွဲနဲ့ အထူး ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။ဖွင့်ပွဲအခမ်းအနားအပြီးမှာ ဧရာ ဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင် ရာများ၊ ခရိုင်ဥက္ကဋ္ဌနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များဟာ အထူးဈေး ရောင်းပွဲတော် အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။အထူးဈေး ရောင်းပွဲတော်မှာ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းရောင်းဝယ်ရေးဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်ခန်းများ၊ အဝတ် အထည်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင် များ၊တိုင်းရင်းဆေးဆိုင်နဲ့နိုင်ငံခြားဆေး ပစ္စည်းအရောင်းဆိုင်များပါဝင်ပြီး စုစု ပေါင်း ဆိုင်ခန်း ၇၀ နဲ့ ရောင်းချပေး လျက်ရှိကြောင်း သိရတယ်။ ကုန်စည် ပြပွဲနဲ့ အထူးဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ရှိ ကုမ္ပဏီကြီးများမှ လာ ရောက် ရောင်းချခြင်းဖြစ်ပြီး ဖေဖော် ဝါရီ ၁၁ ရက်မှ ၁၅ ရက်အထိ ရောင်းချ သွားခဲ့ကြောင်းသိရသည်။ မင်းမင်းဦး
Background