အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ ဆွမ်းစားဆောင်သို့ သံဃာတော်များ ဆွမ်းစားချိန်မှာ နိုင်ငံ ခြားသားများ ဝင်ရောက်ဓာတ်ပုံရိုက် ခြင်းအား ယခုလမှစ၍ ပိတ်ပင်လိုက် ကြောင်း၊ မန္တလေးမြို့ဧည့်လမ်းညွှန်များ အသင်းမှ သိရပါတယ်။ "ဒီနှစ်မှာ ဧည့်အဝင်များတော့ သံဃာတော်တွေအတွက် ဆွမ်းစားရ တာအနှောင့်အယှက်ဖြစ်လို့ ဆွမ်းစား ဆောင်အတွင်းဝင်ပြီး လေ့လာခွင့် မပြု တော့ဘူး။ အပြင်ဘက်ကနေကြည့်ရင် တော့ရမယ်။ ဘုရား၊ စေတီ၊ ကျောင်း သာသနိကအဆောက်အအုံတွေ သွား လေ့လာရင်လည်း ခြေအိတ်စွပ်ပြီး ဘုရားရင်ပြင်ပေါ် တက်တာမျိုးကို Guide တွေက နားလည်အောင်ရှင်းပြ တဲ့အတွက် မန္တလေးဝန်းကျင်မှာတော့ ခြေအိတ်မစွပ်သလောက်ရှိလာပြီ"လို့ ဧည့်လမ်းညွှန်ကိုဝင်းဇော်ဦးကပြောတယ်။ ယခုနှစ်မှာ ဂျာမဏီ၊ အီတလီ၊ အမေရိကန်၊သြစတြေးလျစတဲ့ ဥရောပ နိုင်ငံများမှ အများအပြား လာရောက် လျက်ရှိခြင်းကြောင့် မန္တလေးမြို့မှ ဧည့် လမ်းညွှန်များဖြင့် လုံလောက်မှု မရှိ၍ အတွေ့အကြုံမရှိသေးသော သူများပါ ငှားရမ်းနေရကြောင်း သိရပါတယ်။မြန်မာ့ရုပ်သေးပညာရှင် ဆရာမ ဒေါ်မမနိုင်ကလည်း "ဒီနှစ်ထဲမှာ ပြည်ပဧည့်လှိမ့်ဝင်လာတော့ ဧည့်လမ်း ညွှန်နဲ့ မလောက်တော့ဘူး။ ရုပ်သေးပွဲ လည်း ထပ်တိုးပြီး ပြသရတယ်။လာတဲ့ သူတွေထဲမှာ မရောက်ဖူးလို့လာကြ တာလည်း ရှိတယ်။ အရင်နှစ်တွေက လာပြီးသားကို မြန်မာ့ယဉ်ကျေးမှုကို လေ့လာချင်လို့လာတာလည်းရှိတယ်။ ဒါကြောင့် ရုပ်သေးပွဲကို Regular Show ဆိုပြီး ညနေ ၆း၃၀ တစ်ချိန်၊ ၈း၃၀ တစ်ချိန် ကပြတယ်။ တောင်းဆို လို့ရှိရင် ည ၉း၃၀ တစ်ချိန်ဆက်ကပြ တယ်။ ဒီလထဲမှာ ၃ ပွဲလုံးကခဲ့ရတယ်။ ဧည့်အရမ်းများတဲ့အတွက် ရုံထပ်ချဲ့ဖို့ စီစဉ်ရမယ်"လို့ပြောပါတယ်။ ဇူးဇူး
Background