Main menu

Background

မီးရထားတန်ဆာခ တိုးမြှင့်လိုက်ခြင်းကြောင့် ရန်ကုန်-မန်း ကုန်တင်ဆောင်မှု ထက်ဝက်လျော့ကျ

Mon, 02/20/2012 - 10:33 -- Anonymous (not verified)

မီးရထားတန်ဆာခ တိုးမြှင့်လိုက်ပြီးနောက် မီးရထားထက် ကားနဲ့သာ ကုန်တင်ဆောင်မှု များလာခြင်းကြောင့် ရန်ကုန်-မန္တလေးမီးရထားနဲ့  ကုန်တင်ဆောင်မှုမှာ  ထက်ဝက်နီးပါးကျဆင်း လာကြောင်း သိရပါတယ်။"မီးရထားတန်ဆာခ တိုးမြှင့်လိုက်တဲ့အတွက် ကုန်သည်ကမကိုက်တော့ ပြောင်းပြီး တင် နေကြတယ်။ မနှစ်ကဆို လက်ဆွဲပါဆယ်တွဲမှာ ကုန်ချိန် နှစ်သောင်းနဲ့အထက် တင်ဆောင်မှု ရှိခဲ့ တယ်။ အခု နှစ်လ၊သုံးလရှိပြီ ပါဆယ်တွဲတစ်တွဲကို ကုန်ချိန် တစ်သောင်းလောက်ပဲရှိတယ်။ လတ်တလောမှာ မန္တလေး ဘူတာကြီးကနေ  ရန်ကုန်-မြစ်ကြီးနား လောက်ပဲကုန်တင်နေရတာ။ကားနဲ့တင်ရင် တစ်ပိဿာကို ကျပ် ၄၀၊ ၅၀ ဝန်းကျင်ရှိပြီး ရထားနဲ့တင်ရင် ဝန်ဆောင်မှုစရိတ် အပါအဝင် ကုန်တစ်ပိဿာကို ၆၀ ကျပ်နီးနီးရှိနေတယ်" လို့မီးရထား ကုန်တွဲစပေါ် ယူထားသူ  ကုန်သည်တစ်ဦးက ပြောပါတယ်။ယခုလမှာ  မန္တလေးမှ  ရန်ကုန်ကို အထည်အလိပ်၊ စားသောက်ကုန်၊ နို့ဆီ၊ ဂျုံ၊ ဆီးပေါင်း၊ ဆေးမန်းကျည်းဖာများ၊ ဘီစကွက်ဖာများ တင်ပို့မှုရှိပြီး ရန်ကုန်မှ မန္တလေးကို  ဆန်၊ ဆား၊ အချိုရည်၊ အုန်းသီးနဲ့ ခေါက်ဆွဲအချို့ တင်ဆောင်မှုရှိကြောင်းသိရပါတယ်။ ဇူးဇူး