မန္တလေးမြို့ Down Town ဧရိယာ အတွင်းရှိ မြေကွက်ကျယ်ကျယ်များ အား ယခုလအတွင်းလက်ငုပ်ဈေးထက် ဈေးပေးပြီး ဝယ်ယူမှုများရှိနေကြောင်း မြို့တွင်းမြေအကျိုးဆောင်များထံမှ သိရ ပါတယ်။"ဒီနှစ်ထဲမှာပြည်ပဧည့်ဝင်ရောက်မှု များလာတော့ ဟိုတယ်တွေကလည်း ဧည့်အပြည့်ရှိတယ်။ မြို့ထဲပိုင်းမှာ မြေ ဝယ်ထားရင် ဟိုတယ်ဆောက်လို့လည်း အဆင်ပြေတော့ ဟိုတယ်ဆောက်ဖို့ အတွက်မြေကျယ်ကျယ်ကို ဈေးကောင်း ပေးပြီးတော့ကို လိုက်လံဝယ်ယူနေတာ ဝယ်ယူမှုရှိနေတဲ့အတွက် ဈေးနှုန်းက လည်း အောက်ချဝယ်လို့ မရဘူး။ နောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများကြီးဝင်လာနိုင်တယ်လို့စီးပွားရေး လုပ်ငန်းရှင်အတော်များများက မြို့တွင်း ပိုင်းကို စိတ်ဝင်စားကြတယ်။ ကျုံးဘက် ခြမ်းကိုလဲ ကြိုက်ကြတယ်။ လမ်း ၈၀၊ ၇၈ လမ်း၊ ၇၃ လမ်းထိ မြေကျယ်ရင် ကျယ်သလိုဝယ်ချင်ကြတယ်။ ဒီတစ် ပတ်မှာ ၇၄ လမ်း ၃၂ လမ်းထောင့်က ပေ ၄၀× ၆၀အကွက်ကို သိန်း ၇၀၀၀နဲ့ အရောင်းအဝယ်တည့်တယ်။ ၂၆ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်းပေါ်တွေလည်း ကြိုက်ကြတယ် " လို့ မြေအကျိုးဆောင် ဦးမြင့်လွင်က ပြောပါတယ်။မြို့တွင်းပိုင်းမှာ Down Town ဧရိယာအတွင်း လမ်းမကြီးများပေါ်မှာ မျက်နှာစာတစ်ပေကို ကျပ်သိန်း ၆၀၀ အနည်းဆုံးရှိပြီး အရှေ့၊ အနောက် လမ်းမကြီးလမ်း ၃၀၊ ၃၁ လမ်း၊ ၃၂ လမ်းများရှိ မေးတင်အကွက်များမှာ မျက်နှာစာတစ်ပေကို ကျပ်သိန်း ၃၀၀ ရှိကြောင်း သိရပါတယ်။ မြို့တွင်း အရောင်းအဝယ်ဈေးကွက် မကျသလို အငှားဈေးကွက်လည်း ကျဆင်းခြင်းမရှိ ကြောင်း သိရတယ်။ ဇူးဇူး
Background