Main menu

Background

ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်များမှ မြန်မာ့ရေထွက်ကုန် ပိုမိုတင်ပို့နိုင်

Mon, 02/20/2012 - 10:46 -- Anonymous (not verified)

ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း၊ မြဝတီနဲ့ မြိတ်နယ်စပ် စခန်းများမှ  ကန်ဒေါ်လာ ၅ ဒသမ ၃၃၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်  တန် ၅၇၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တောနယ်စပ်များမှ  ကန်ဒေါ်လာ ၀ ဒသမ ၄၁၄သန်း တန်ဖိုးရှိ ရေထွက်ကုန်  ၄၃၅ တန်ကျော် အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်က  ထိုင်းနယ်စပ်မှ  ကန်ဒေါ်လာ ၃ ဒသမ ၄၄၈ သန်း  တန်ဖိုးရှိ ရေထွက်ကုန် ၃၁၄၁ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန်အားဖြင့် ၂၅၆၀ ခန့် တန်ဖိုးအားဖြင့်  ကန်ဒေါ်လာ ၁ ဒသမ ၈၈၇ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။  အလားတူ  ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ယခင်အပတ်က ကန်ဒေါ်လာ သုည ဒသမ ၂၄၉ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၂၇၈ တန်ကျော် အပို့ရှိ ခဲ့တာမို့ ယခုအပတ်မှ  ကန်ဒေါ်လာ ၀ ဒသမ ၁၆၅ သန်း၊ တန်ချိန်အားဖြင့် ၁၅၇ တန်ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့တဲ့အမယ်များကို အသိပေးရ မယ်ဆိုလျှင် ကော့သောင်းနယ်စပ်မှ ငါးမျိုးစုံ၊ ငါးဆားနယ်၊ ကင်းမွန်၊ ကဏန်း၊ ပုစွန်၊  မြဝတီနယ်စပ်မှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းနဲ့ မြိတ်နယ်စပ်မှ ငါးမျိုးစုံ၊ ငါးမှုန့်၊ ငါးအသားလွှာ၊ ငါးဆားနယ်၊  ရေငန်ပုစွန်၊ အေးခဲပုစွန်၊ ကင်းမွန်၊ အေးခဲ ကဏန်းနီနဲ့ ကဏန်းပျော့တို့ ဖြစ်ကြပါတယ်။ စစ်တွေ နယ်စပ်မှ ရေချိုငါး၊ ငါးကုန်းညိုခြောက်နဲ့ ငါးစုံလေးခြောက်၊ မောင်တောနယ်စပ်မှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်တို့ တင်ပို့တာဖြစ်ပါတယ်။ MIRT (DOBT)