Main menu

Background

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်သွက်လက်စေရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ

Mon, 02/20/2012 - 10:48 -- Anonymous (not verified)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် လေးသည်  ကုန်သွယ်မှုပမာဏ အများ ဆုံး ဆောင်ရွက်လျက်ရှိသည့် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်းသို့ ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေ မှုများအပေါ် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်  ချောမွေ့စေရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်  ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီ ၈ ရက်တွင် ရောက်ရှိခဲ့ပါသည်။  ညွှန်ကြားရေးမှူးချုပ်သည် ဖေဖော် ဝါရီ ၉ ရက်  နံနက်ပိုင်းတွင်  မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းရှိ ပဲ၊ ပြောင်း၊ နှမ်းလယ်ယာထွက် ကုန် စည်ဒိုင်၊  သစ်သီးဝလံကုန်စည်ဒိုင်နှင့် ရေထွက်ပစ္စည်း   ကုန်စည်ဒိုင်များ၌    မြန်မာ့ပို့ကုန်ပစ္စည်းများအား မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သည်များ လေလံ ဆွဲဝယ်ယူနေမှု   အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ပါသည်။  ၎င်းနေ့ ၁၃း၀၀  နာရီတွင် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း OSS စုပေါင်းအစည်းအဝေးခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့သည့်   ပို့ကုန်တိုးမြှင့်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်သွက်လက် စေရေးဆိုင်ရာကိစ္စရပ်များ  ညှိနှိုင်း အစည်းအဝေးသို့  တက်ရောက်ခဲ့ပါ သည်။အဆိုပါအစည်းအဝေးသို့ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးစခန်း  OSS  ဌာနဆိုင်ရာ အဖွဲ့များမှတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့ဝင်   ဌာနဆိုင်ရာများ၊ မူဆယ်-နမ့်ခမ်း  ကုန်သည်ကြီးများ အသင်းမှ  တာဝန်ရှိသူများ၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန် ကုန်စည် ဒိုင်၊ သစ်သီးဝလံကုန်စည်ဒိုင်နှင့် ရေ ထွက်ပစ္စည်းကုန်စည်ဒိုင်များမှတာဝန် ရှိသူများ   တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာသူများ မှတင်ပြခဲ့သည့် ပို့ကုန်သွင်းကုန်လုပ်ငန်း များ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရ သည့်လုပ်ငန်းဆိုင်ရာ  အခက်အခဲများ အား  ရင်းရင်းနှီးနှီး  တွေ့ဆုံဆွေးနွေး ဆောင်ရွက်ပေးခဲ့ပါသည်။ ညွှန်ကြား ရေးမှူးချုပ်နှင့်အဖွဲ့သည်  ဖေဖော်ဝါရီ  ၁၀ ရက် မူဆယ် (၁၀၅) မိုင်နယ်စပ် ကုန်သွယ်ရေးစခန်း၌   တာဝန်ထမ်း ဆောင်နေကြသည့်အရာထမ်းအမှုထမ်း များအား   တွေ့ဆုံသြဝါဒစကားပြော ကြားခဲ့ပြီး လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းသို့  ဆက်လက်ထွက်ခွာခဲ့ ကြောင်း သတင်းရရှိပါသည်။  နကသ (မူဆယ်)