Main menu

Background

အားဖြည့်အချိုရည် ကျွဲရိုင်းများမှာ ကန့်သတ်တားမြစ်ထားသော ဖြည့်စွက်အစားအစာများပါရှိနေ

Mon, 02/20/2012 - 10:52 -- Anonymous (not verified)

တရုတ်နိုင်ငံရဲ့  အဓိကမြို့ကြီးများရှိ  စူပါမားကက်များမှာရောင်းချနေတဲ့  အားဖြည့်အချို ရည်ကျွဲရိုင်းဘူးများမှာ  ကန့်သတ်တားမြစ်ထားတဲ့ ဖြည့်စွက်အစာများပါရှိနေတဲ့အတွက် စင် (Shelves) များမှ ပြန်လည်ဖယ်ရှားနေတယ်လို့ သိရပါတယ်။ အစိုးရအစားအသောက်နဲ့  ဆေးဝါးကွပ်ကဲရေးဌာန(SFDA) က မှတ်ပုံတင်မထားသော အဖျော်ယမကာပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းများကို ထည့်သွင်းအသုံးပြုထားတာကို စစ်ဆေး တွေ့ရှိရတယ်လို့ မီဒီယာများမှာ ဖော်ပြထားပါတယ်။ တာရှည်ခံရန်အသုံးပြုတဲ့  ဆိုဒီယမ်ဘင်န်ဇိုရိတ် (Sodiumbenzoate) ဟာ ကဖိန်းဓါတ်နဲ့ ပေါင်းစပ်မိတဲ့အခါ စိတ္တဇရောဂါကုသရာမှာ အသုံးပြုတဲ့အဆင့် ဗ ဆေးတစ်မျိုးကို ထွက်ပေါ် စေတယ်လို့ သိရပါတယ်။ အဆိုပါ  A  အဆင့်ဆေးကို အလွန်အကျွံသောက်သုံးမိပါက ခေါင်းကိုက်ခြင်း၊  စိတ်ပင်ပန်းခြင်း၊ စိတ်တိုခြင်းတို့ကိုဖြစ်စေတယ်လို့ Harbin  တက္ကသိုလ်၊ ဆေးသိပ္ပံဌာနမှ ဒေါက်တာ Z harg Jing   က ပြောပါတယ်။ ထို့အပြင် အစိုးရအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ Website  ကို ပေးပို့ထားတဲ့ ကျွဲရိုင်းဖျော်ရည်မှာ ပါဝင်တဲ့ပစ္စည်းများစာရင်းအရ ကျွဲရိုင်းဖျော်ရည်မှာ စစ်ဆေးတွေ့ရှိရတဲ့ ဖြည့်စွက် အစားအစာတွေကတော့ ဆိုဒီယမ်စီတြိတ်၊ စီထရစ်အက်ဆစ်၊ ကာမင်းအရောင်ချယ်နဲ့ တာတြာဇင်း များဖြစ်ပြီး အစိုးရအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနမှာ မှတ်ပုံတင်ထားခြင်း  မရှိဘူးလို့ ဆိုပါတယ်။အစိုးရအစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနနဲ့ ပြည်နယ်ဗျူရိုများသည် စစ်ဆေးမှုများကို ပြုလုပ်ခဲ့သော်လည်း ဆိုင်များအားဖယ်ရှားရန် အမိန့်တစ်စုံတစ်ရာထုတ်ပြန်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ကျွဲရိုင်းကုမ္ပဏီကတော့  ၎င်းတို့ရဲ့ Website မှာ ဘီဂျင်း၊ ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံရှိ အဓိက စူပါမားကက်များမှာ ရောင်းချနေတဲ့ ၎င်းတို့ရဲ့ကျွဲရိုင်းအချိုရည်များဟာ ဘေးအန္တရာယ်ကင်းပြီး ကန့်သတ်တားမြစ်ထားသော ဖြည့်စွက်စာများ မပါဘူးလို့ ကြေညာထားတယ်လို့ သိရပါတယ်။ ရှန်ဟိုင်းမြောက်ပိုင်း   Zhongshan လမ်းမကြီးပေါ်ရှိ  Tesco ကွန်ဗီနီယင့်န်  စတိုး (Convenient Store)  မှာတော့ ကျွဲရိုင်းများကို စင်များမှဖယ်ရှားထားပြီး ဈေးနှုန်းတံဆိပ်များသာ ကျန်ရစ်နေတာ တွေ့ရပါတယ်။ Carrefours'  ရှန်ဟိုင်းဒေသအုပ်ချုပ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူကတော့ လက်ကား ဖြန့်ဖြူးသူများသည်   ၎င်းတို့ရဲ့ဆိုင်ရှိ ကျွဲရိုင်းထုတ်ကုန်များအားလုံးကို ဖယ်ရှားထားတာတွေ့ရှိရ ကြောင်းနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေရန် စီမံထားတဲ့လက္ခဏာများဖြစ်တယ်လို့ ဆိုပါတယ်။ မိမိတို့နိုင်ငံမှာလည်း မကြာမီ Consumer Protection Law  ကို ပြဋ္ဌာန်းတော့မည်ဖြစ်ရာ ထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများအားလုံးဥပဒေများကို လိုက်နာကြရန်လိုအပ်မည်ဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။Source: Xinhua DOBT (MIRT)