Main menu

Background

ဥရောပ အကျပ်အတည်းဒဏ်မှ သက်သာစေရန် အာရှမှာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်ကိုရီးယားဗဟိုဘဏ်တိုက်တွန်း

Mon, 02/20/2012 - 10:58 -- Anonymous (not verified)

ကူးစက်ပျံ့နှံနေသော ကမ္ဘာ့အကျပ် အတည်းရဲ့ဒဏ်မှအာရှဒေသသက်သာ ရာရစေရန်အတွက်  အာရှနိုင်ငံသား များအချင်းချင်း  အနီးကပ်ပူးပေါင်း ဆောင်ရွက်ကြဖို့   တောင်ကိုရီးယား ဗဟိုဘဏ်အကြီးအကဲက  ဖေဖော်ဝါရီ ၁၃ရက်က  ပြောပါတယ်။ ဥရောပမှာ ဖြစ်ပေါ်နေတဲ့အကျပ်အတည်းကအာရှ ဒေသရှိ   ပို့ကုန်အားပြုနိုင်ငံတွေကို ဒုက္ခပေးလာပြီး သူတို့ရဲ့ ကုန်သွယ်ဖက် တွေကိုပါ  နစ်နာမှုဖြစ်စေခဲ့ပြီးနောက် တောင်ကိုရီးယားဘဏ်အုပ်ချုပ်ရေးမှူး ကင်ချွန်ဆူးရဲ့  နှိုးဆော်ချက်ထွက်ပေါ် ခဲ့တာ ဖြစ်ပါတယ်။ ယူရိုနယ်မြေဒေသ မှာ ဖြစ်နေတဲ့ကြွေးမြီ အကျပ်အတည်း ကြောင့် ဖွံ့ဖြိုးဆဲဈေးကွက်များအထဲသို့ ငွေများစီးဝင်မှုပိုမိုလာပြီး  ဒေသတွင်း ငွေကြေးတွေ   တန်ဖိုးတက်လာကာ ဘဏ္ဍာရေးတည်ငြိမ်မှုအတွက်   စိုးရိမ် စရာဖြစ်လာစေခဲ့ပါတယ်။"ကမ္ဘာ့အကျပ်အတည်းက အမေရိ ကန်ပြည်ထောင်စုနဲ့ ဖွံ့ဖြိုးပြီး  နိုင်ငံတွေ ကနေထွန်းသစ်စနိုင်ငံတွေဘက်ကို  ကူး စက်လာပါတယ်။ ပြီးတော့ အာရှဒေသ မှာ မရေရာမှုတွေ တိုးပွားလာပါတယ်" လို့ ဆိုးလ်မြို့မှာကျင်းပတဲ့ အရှေ့တောင် အာရှဗဟိုဘဏ်တွေရဲ့  ကွန်ဖရင့်မှာ ကင်က ပြောပါတယ်။အာရှဗဟိုဘဏ်များရဲ့   အစည်း အဝေးမှာ  ကင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီးဗဟိုဘဏ်အုပ်ချုပ်ရေး မှူးက ကမ္ဘာ့စီးပွားရေးအကျပ်အတည်း လွန်ကာလမှာ  မောင်းနှင်အားဖြစ်တဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အာရှရှိ ထွန်း သစ်စဈေးကွက်တွေကို  တိုက်တွန်းခဲ့ ပါတယ်။  ဘဏ္ဍာရေးဈေးကွက် တည် ငြိမ်မှုက  စီးပွားရေးအတွက် အလွန် အရေးပါတဲ့အခန်းကဏ္ဍက  ပါဝင်တဲ့ အတွက်အာရှဗဟိုဘဏ်တွေက သမား ရိုးကျ ငွေကြေးမူဝါဒနဲ့ ထုသားပေသား ကျပြီးခံနိုင်ရည်ရှိတဲ့ အမျိုးသားအဆင့် ငွေကြေးမူဝါဒတွေကို  ချိန်သားကိုက် ကျင့်သုံးဖို့လည်း တိုက်တွန်းပါတယ်။Source: Yonhap News