Main menu

Background

ဂရိကယ်တင်ငွေအတွက် ဆုံးဖြတ်ချက်ချရန် ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများဆိုင်းငံ့

Mon, 02/20/2012 - 10:58 -- Anonymous (not verified)

ဝရုန်းသုန်းကားဖြင့်  ကြွေးမြီပေး ဆပ်ရန် ပျက်ကွက်စေနိုင်မဲ့အခြေအနေ ကိုရှောင်ရှားရန်အတွက်ထုတ်ပေးမည့် ဒုတိယအကြိမ်ကယ်တင်ရေး အစီအစဉ် ကိုအတည်ပြုဖို့ ဖေဖော်ဝါရီ ၁၅ရက်မှာ ကျင်းပမဲ့  အစည်းအဝေးကို ယူရိုဇုန် ဝန်ကြီးများက ပယ်ဖျက်ခဲ့ကြောင်း ယူရို ဇုန်အကြီးအကဲယွန်းကလောဂျန်ကာက ဖေဖော်ဝါရီ ၁၄ရက်က ပြောပါတယ်။"ဒီအစီအစဉ်ကိုအကောင်အထည် ဖော်ဖို့နဲ့ ပတ်သက်ပြီး ဂရိညွန့်ပေါင်း အစိုးရဆီက လိုအပ်တဲ့ အာမခံချက်ကို ကျွန်တော် မရသေးပါဘူး"လို့ ဂျန်က ပြောပါတယ်။ယူရိုဘီလီယံ ၁၃၀ရှိ ကယ်တင်ရေး ရန်ပုံငွေရရှိဖို့ အပေးအယူသဘောမျိုး ဖြင့် ယူရို ၃၂၅ သန်း (ဒေါ်လာ ၄၂၅ သန်း) ဖိုးရှိ ခြိုးခြံချွေးတာရေးနှင့်ပြုပြင် ပြောင်းလဲရေး  အစီအမံတွေကို ဂရိ အစိုးကဆောင်ရွက်ဖို့  လူကြိုက်နည်း သောလျှော့ချမှုအစီအစဉ်များကို ဧပြီလ တွင်  အစိုးရသစ် တက်လာသည့်အခါ တွင်လည်း  ဆက်လက်ဆောင်ရွက်ဖို့ ဥရောပခေါင်းဆောင်တွေက ဂရိနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။ ဤအစီအစဉ် မပါဝင်ပါက ဂရိနိုင်ငံသည် လာမည့်လ တွင် ယူရို ၁၄ သမ ၅ ဘီလီယံရှိ ဘွန်း စာချုပ်များကို ရောင်းချရန်ရနိုင်မည်  မဟုတ်ပေ။Source: xinhua.