Main menu

Background

အာရှသားလေကြောင်းခရီးသွားများ တိုးတက်မည်ဟုခန့်မှန်း

Mon, 02/20/2012 - 10:58 -- Anonymous (not verified)

ခရီးသွားလာမှုအခြေအနေကိုကြည့် မည်ဆိုပါက အာရှက အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအလားအလာ ပိုမိုများပြား လာကြောင်း အပြည်ပြည်ဆိုင်ရာ လေ ကြောင်း သယ်ယူပို့ဆောင်ရေးအသင်း (IATA)  က ပြောကြားပါတယ်။ အမေ ရိကန်ပြည်ထောင်စုမှာ   လူတစ်ဦး လေကြောင်းဖြင့်သွားလာမှုက  တစ်နှစ် ကို ၁ ဒသမ ၈ ကြိမ်ရှိပြီး  ဂျာမဏီ တစ်နှစ်ကို  တစ်ကြိမ်သွားကြောင်း (IATA)  ရဲ့ အမှုဆောင်အရာရှိချုပ် တိုနီ တိုင်လာကပြောပါတယ်။ တရုတ်နိုင်ငံ က လူတစ်ဦးတစ်နှစ်ကို ပျှမ်းမျှ လေ ကြောင်းသွားလာမှု သုည  ဒသမ ၂ ကြိမ်နဲ့ အိန္ဒိယက သုည ဒသမ ၁ ကြိမ် ရှိတယ်လို့ သူက ပြောပါတယ်။"လာမဲ့ဆယ်စုနှစ်အတွင်း တရုတ် နိုင်ငံရဲ့   တစ်ဦးချင်းဝင်ငွေဒေါ်လာ ၁၅၀၀၀ အဆင့်ကိုရောက်လာပြီး အဲဒီ အဆင့်မှာလေကြောင်းနဲ့  သွားလာမှု ပိုလာမယ်။ တရုတ်နိုင်ငံမှာ ဒီလိုဖြစ် လာရင်  နှစ်စဉ်လေကြောင်းနဲ့ သွား လာသူတစ်ဘီလီယံထပ်တိုးလာမယ်လို့" စင်ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၁၂ ရက် ကပြုလုပ်တဲ့ Airshow Aviation Leadership Summit    မှာ သူက ပြော ပါတယ်။၂၀၁၅ ခုနှစ်ရောက်ရင် အာရှပစိ ဖိတ်ဒေသက  လေကြောင်းခရီးသွား လာမှုမှာ  ၃၇ ရာခိုင်နှုန်း ပါဝင်လာပြီး ဥရောပနဲ့ အမေရိကတို့က ၂၉ ရာခိုင် နှုန်းကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။  ကမ္ဘာ့စုစုပေါင်းလေကြောင်း ခရီးသည်က အလားတူကာလအတွင်း ၃ ဒသမ ၅၅ ထရီလီယံတိုးတက်မယ်။ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ လမ်း ကြောင်းတွေကလည်း  ထူးထူးခြားခြား တိုးတက်လိမ့်မယ်လို့ ပြောပါတယ်။Source: bernama.com