Main menu

Background

ဗီယက်နမ်တွင် 4G လိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၈ ခုနှစ်ထိ ရပ်ဆိုင်း

Mon, 02/20/2012 - 11:03 -- Anonymous (not verified)

ဗီယက်နမ်နိုင်ငံရဲ့  3G  မိုဘိုင်း ဝန်ဆောင်မှုလုပ်ငန်းများရဲ့ စွမ်းဆောင် ရည်က မပြည့်ဝသေးတဲ့အတွက် ပိုမို ခေတ်မီတဲ့ 4G   ဝန်ဆောင်မှု လုပ်ငန်း များအား လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်း ကို ၂၀၁၈ခုနှစ်အထိ  ရပ်ဆိုင်းထား ကြောင်း ကျွမ်းကျင်သူတွေက ပြောပါ တယ်။ဒီပြဿနာကအရးပါတဲ့ပြဿနာ တစ်ခုဖြစ်ပြီး ဟနွိုင်းမှာ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဌာနက ကျင်းပပေးတဲ့ ၂၀၂၀ ပြည့်နှစ် အမျိုးသားတယ်လီဖုန်း ဆက်သွယ်ရေးဖွံဖြိုးမှုစီမံကိန်းကွန်ဖရင့် မှာ အဓိကထားဆွေးနွေးတဲ့ အကြောင်း အရာဖြစ်ပါတယ်။3G  ဝန်ဆောင်မှုတွေကို  သုံးနှစ် လောက်   ဆောင်ရွက်ပြီးတဲ့နောက် ဗီယက်နမ်မှာ  အခပေးသုံးစွဲသူ ၁၂ ဒသမ ၈ သန်းရှိလာပါတယ်။ အထူး သဖြင့်   ဖုန်းဝန်ဆောင်မှုလုပ်ငန်းကို ဗိုင်နာဖုန်း၊မိုဘီဖုန်း၊ဗီယက်တဲနဲ့ ဗီယက် နာမိုဘိုင်းတို့က တာဝန်ယူဆောင်ရွက် ပေးခဲ့ပါတယ်။  အခပေးသုံးစွဲသူ ၁၃ သန်းနီးပါးရှိလာတာ   အပြုသဘော အလားအလာရှိပေမဲ့ ဝန်ဆောင်မှု ပေး တာတွေက  ညံ့ဖျင်းနေပါသေးတယ်။ ဝင်ငွေကလည်းခန့်မှန်းထားသလောက် မရဘဲဖြစ်နေပါတယ်။  ဝယ်လိုအားကို မြှင့်တင်ပေးနိုင်ဖို့အတွက်  အခကြေး ငွေပေးသုံးသူအသစ်တွေကို ဆွဲဆောင် နိုင်ဖို့အတွက် တန်ဖိုးနည်းတဲ့ ဖုန်းတွေ သာ သုံးနေပါတယ်။သရီးဒီတိုးတက်မှုကိုအဟန့်အတား ဖြစ်စေတာကတော့ မိုဘိုင်းတီဗွီ၊ အွန် လိုင်း၊ ဂီတနဲ့ အွန်လိုင်းငွေပေးချေမှုမျိုး လို ရောင်းလိုအားဘက်က ဆောင်ရွက် ရာမှာ ဒီအချက်တွေမပါဝင်လို့ ဖြစ်ပါ တယ်။သရီးဒီဝန်ဆောင်မှုကို  စိတ်မဝင် စားရတဲ့  အကြောင်းရင်းက သရီးဒီ ဝန်ဆောင်မှုကိုကန့်သတ်နေတဲ့ အချက် က တစ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ Source: VNS