Main menu

Background

တရုတ်နိုင်ငံက အမေရိကန်ငွေတိုက်စာချုပ်များ ပိုင်ဆိုင်မှုကိုလျှော့ချ

Mon, 02/20/2012 - 11:10 -- Anonymous (not verified)

အမေရိကန်ပြည်ထောင်စုရဲ့အကြီး ဆုံးမြီရှင်ဖြစ်တဲ့ တရုတ်နိုင်ငံက ဥရောပ ရဲ့ငွေကြေးအကျပ်အတည်း ဖြေရှင်းရာ မှာ ကူညီနိုင်ဖို့အတွက်  အမေရိကန် ပြည်ထောင်စုရဲ့ ငွေတိုက်စာချုပ် ပိုင် ဆိုင်မှုကို  ဒီဇင်ဘာလက လျှောချခဲ့ရာ ၂၀၁၀ပြည့် ဇွန်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာမှာ စီးပွားရေး အရ ဒုတိယအဆင့်ရှိ တရုတ်နိုင်ငံက အမေရိကန်ကြွေးမြီ အာမခံစာချုပ်များ ကို နိုဝင်ဘာလက ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံဖိုးအထိ ပိုင်ဆိုင်ထားရာမှ ၂ ဒသမ ၈ ရာခိုင်နှုန်း လျှော့ချပြီး ၁ ဒသမ ၁ ထရီလီယံအထိ ရောက်ရှိခဲ့ ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ထုတ် ပြန်တဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ စာရင်းဇယားတွေအရ သိရပါ တယ်။ဒုတိယအများဆုံးဝယ်ယူတဲ့ဂျပန် နိုင်ငံက ပိုင်ဆိုင်မှုကို ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံတိုးမြှင့်ပြီး ဒေါ်လာ ၁ ဒသမ ၀၄ ထရီလီယံ ထားရှိခဲ့ပါတယ်။"တရုတ်နိုင်ငံက ပိုင်ဆိုင်မှုကို အမျိုး မျိုးဖြန့်ကျက်ထားလိုတဲ့ဆန္ဒရှိတဲ့အတွက် ကြောင့်လည်း  ဥရောပမှာ ဖြစ်ပေါ်နေ တဲ့  အခြေအနေမှာ  ပါဝင်ပူးပေါင်း ဆောင်ရွက်လိုတဲ့အတွက် တရုတ်နိုင်ငံ က ပိုင်ဆိုင်မှုကို  ဆက်လက်လျှော့ချမဲ့   အလားအလာရှိတယ်လို့ အမေရိကန် နိုင်ငံ စတမ်းဖို့မှ  CRT  Capital Group LLC   မှ အစိုးရ ဘွန်းစာချုပ်ဆိုင်ရာ မဟာဗျူဟာမှူး  အီယန်လင်ဂျင်းက ပြောပါတယ်။အမေရိကန်  ပြည်ထောင်စုရဲ့ ငွေကြေးဆိုင်ရာ စာချုပ်စာတမ်းများကို စွန့်လွှတ်ပြီး တရုတ်နိုင်ငံရဲ့ အရန်နိုင်ငံ ခြားငွေကို  အမျိုးမျိုး  ခွဲဖြန့်ထားဖို့ တရုတ်မူဝါဒရေးဆွဲသူတို့က  တိုက် တွန်းလျက်ရှိပါတယ်။  တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ဥရောပဘဏ္ဍာရေးတည်ငြိမ်မှု အစီအစဉ်နဲ့  ဥရောပတည်ငြိမ်ရေး ယန္တရားတို့ မှတစ်ဆင့်   ဥရောပကို ထောက်ပံ့သွားမှာဖြစ်ကြောင်း တရုတ် နိုင်ငံဗဟိုဘဏ်အုပ်ချုပ်ရေးမှူး  Zhou Xiaochuan  က  ပြောပါတယ်။Source: bloomberg.com