Main menu

Background

ယခုတစ်ပတ် မတ်ပဲတင်ပို့မှု တန် တစ်သောင်းအောက်ကို ပြန်ဆင်းလာ

Mon, 02/27/2012 - 04:55 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းကမတ်ပဲတင်ပို့ရာမှာယခုသီတင်းပတ်က တန်ချိန် ၁၁၀၀၀ ကျော်ထိတင်ပို့နိုင်ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၁၃-၁၇)  အတွင်းမှာ တန် ချိန် ၇၂၀၀ ကျော်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဖေဖော် ဝါရီ ၁၇ ရက်အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၄၀၀၀၀ နီးပါး ရှိပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၄၂၅၀၀၀ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ မတ်ပဲတန် တစ်သိန်းကျော်ပိုမို တင်ပို့နိုင်ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရ သိရပါတယ်။ လက်ရှိ အရောင်း အဝယ် အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု အနည်းငယ် လျော့ကျနိုင်ကြောင်း ကုန်သည်များမှ ခန့်မှန်းကြပါတယ်။MIRT - MAPT