Main menu

Background

ဈေးကွက်ထဲ ပုံမှန်ဝင်ရောက်ပြီး ဝယ်လိုအားနည်းလို့ အိန္ဒိယမတ်ပဲ ဈေးလျော့

Mon, 02/27/2012 - 04:56 -- Anonymous (not verified)

    အိန္ဒိယဈေးကွက်တွေကို မတ်ပဲပုံမှန်ဝင်ရောက်မှုရှိပေမဲ့ ဝယ်လိုအားနည်းတာ ကြောင့်ယခုတစ်ပတ်အတွင်း မတ်ပဲဈေးအနည်းငယ်လျော့ပါတယ်။ ဒါ့အပြင် အိန္ဒိယ အစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂၀၁၁-၁၂ အတွင်း မတ်ပဲထွက်ရှိမှုဟာ တန်ချိန် ၁ ဒသမ ၇၃ သန်းရှိမှာဖြစ်လို့ ပထမအကြိမ် ခန့်မှန်းပမာဏထက် တန်ချိန် ၅ သိန်း ကျော်ပိုမိုခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်ရှိနေပြီး ပြုပြင် ကြိတ်ခွဲစက်များမှ ဝယ်လိုအားနည်းတာကြောင့် မတ်ပဲဈေးအေးနေခြင်းဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာတော့ အဝယ်ရှိလာနိုင်လို့ ဈေးထပ်မကျနိုင်ကြောင်း ခန့်မှန်းကြ ပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်             ၂၄-၂-၂၀၁၂         ၂၃-၂-၁၂       ၂၂-၂-၂၀၁၂       ၂၁-၂-၂၀၁၂မွန်ဘိုင်း       ၆၁၁                  ၆၀၄             ၆၁၇-၆၁၉         ၆၁၅-၆၁၇လတ္တာ         ၆၁၁                  ၆၀၈               ၆၀၉                ၆၂၀အင်ဒိုရီ     ၆၅၂-၆၉၃          ၆၅၀-၆၉၀         ၆၅၁-၆၉၂          ၆၅၅-၆၉၆MIRT(MAPT)